ep (19)

1.1K 109 31
                                    

အောက်အီးအီးအွတ်!

ညနေခင်းအချိန်ခါသမယတစ်ခုမှာ အောင်ဗလတင့်မောင်တို့အိမ်ရှေ့လေးဟာလူများရှုပ်ရှက်ခတ်၍ မီးခိုးတလူလူ ဖုန်တလုံးလုံးဖြင့်စည်ကားနေသည်။

အကြော်သယ်ကြီးလက်လည်အောင်မရောင်းရလေတာကြောင့် ချဲရောင်းတဲ့ရှမင်းဟာဝိုင်းကူရင်းဝိုင်းစားရင်းဖြင့် ကူညီနေသည်။ နိုနိုးတို့ဆိုင်မှာလည်း လူများကြိတ်ကြိတ်တိုးနေသဖြင့် ဇိုက်ရောနိုနိုးရော ပထော်ပါလုံး၀နားမနေရ၊ အားမနေရ။

အိမ်ရှေ့မျက်စောင်းထိုးခြင်းဝိုင်းဟာလည်း ဆဲသံတလူလူဖြင့် အကြိတ်အနယ်ယှဥ်ပြိုင်ခတ်နေကြသည်။

ဒီ့တော့အိမ်ကလူနှစ်ယောက်ကသနားစရာ။

သူတို့မှာခြင်းလည်းခတ်ချင် ဆိုင်မှာလည်းအလုပ်များဖြစ်နေတာမို့ လုပ်သာလုပ်နေရတယ် မျက်နှာတွေကသိပ်မလန်းချင်။ အေးလေ ဇိုက်ကဘယ်လိုပဲလူကြီးပုံစံနဲ့နေနေ ၁၈နှစ်သာသာကောင်လေးတစ်ယောက်ပေမဟုတ်ပါလား။ နိုနိုးပေးသွားစေချင်ပေမယ့်လည်း ဒီမှာတစ်ယောက်တည်းဆိုင်ထိုင်ဖို့က နိုနိုးတက်နိုင်တဲ့ဟာမဟုတ်တော့ သနားနေရုံသာတက်နိုင်သည်။

"ကိုကြီးပထော်ရေ ၀က်သားထောင်းတစ်ပွဲထုပ်သွားမယ်"

" ကိုဇိုက် ဝက်ထောင်းတစ်ပွဲပါဆယ်"

"အေး"

အသံသုံးခုဟာ တစ်ဆင့်ချင်းဆက်တိုက်ထွက်လာပြီးနောက်မှာ နိုနိုးဟာ၀က်သုံးထပ်သားအပိုင်းတစ်ခုကိုအမြန်ယူ၍ ပါးပါးလှီးလေးရသလို ဇိုက်ကလည်းထောင်းလက်စပြောင်းဖူးကို အရှိန်တင်၍ခပ်သွက်သွက်ထောင်းလေသည်။

"ပွိုင့် 8! "

ခြင်းခတ်နေတဲ့ဝိုင်းက ဦးကိုနိုင်ရဲ့အမှတ်အော်သံအဆုံး ဇိုက်လက်လေးတုန်သွားတာကိုနိုနိုးမြင်လိုက်ပါသေးသည်။ ရယ်လည်းရယ်ချင် ရယ်လည်းမရယ်ရက်တာမို့ နိုနိုးအလုပ်တွေပြီးအောင်မြန်မြန်ဝိုင်းလုပ်ပေးရုံသာ။

"ပထော်ဒီမှာ ပြောင်းဖူးထောင်း'5'ပွဲပါဆယ်ရပြီ၊ နိုးကိုယ့်ကိုဝက်သားလှီးထားတာပေးတော့"

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now