ep (25)

902 93 32
                                    



"တော်ပြီ တော်ပြီ ဒီတစ်ဘ၀ပဲ၊ နောင်ဆယ်ဘ၀လင်မယူတော့ဘူး အလိုက်ပေးပြီးပြန်အမ်းလို့ရရင်ပြန်အမ်းကိုအမ်းပြစ်မယ်၊ ကိုယ့်အိမ်ထောင်ဘက်ကို အစားလေးတစ်လုပ်တောင်မသထာဘူး"



"မာမာအေးသီချင်းလို တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရထမင်ရေပူလျက်ရလျက်ရဆိုပြီး ယုံကြည်အားကိုးပြီးလိုက်လာတာကို အစားတစ်လုပ်လေး ဒီသေးသေးလေးတစ်လုပ်တောင်မသထားဘူးပေါ့ ဟွန့်! "



"အဲ့၀က်ဝံမဲကြီးကိုယူမဲ့လူမရှိလို့ သနားလို့ယူလိုက်တာလေ၊ ကုသိုလ်အကြီးကြီးလုပ်ထားတာတောင်မှပဲ ကံကကောင်းကိုမလာဘူး ပြီးမှအနိုးရေဆိုကတော့ အဲ့မျက်ခွက်ကြီးကိုစုတ်ပြတ်အောင်ကိုရိုက်ပြစ်မယ်"


ဇိုက်မကြားကြားအောင် တိုးမလိုလိုနဲ့အသံစူးစူးလေးကိုမြှင့်ပြီးပြောနေတာ။ မသိချင်ယောင်ဆောင်လေပိုကျယ်လေမို့ ကိုယ်ကြားနေပါတယ်ဆိုတဲ့အမူအယာလေးပြထားလိုက်သည်။

"ဒီလင်လေးတစ်ယောက်!"

"နိုနိုး မင်းဗိုက်ကြီးနေတာလား!"


မရတော့ ဇိုက်သီးခံနိုင်တာထက်ကိုလွန်သွားပြီ။ ကိုယ်ကပဲမကျွေးမမွေးတဲ့ပုံစံနဲ့အော်ပြောနေတာ ဘေးလူကြားလို့မှမကောင်း။

"မင်းပါးစပ်ပိတ်ထားနော် မင်းကိုဘာမှမပြောဘူး! လာမပြောနဲ့!"


ရေဘဝဲသုပ်နေတဲ့ဇိုက်က အသံတိတ်ပြီးရှေ့ပြန်လှည့်လိုက်ရသည်။ အလျှော့ပေးပြီးလည်း သူစားချင်တာကိုမကျွေးလိုက်နိုင်ပါ။ ကိုယ်ကမစားနဲ့ဆို ခိုးပြီးတောင်မစားတတ်သူလေးမို့ တစ်ခါထဲမကြိုက်ကြောင်းအပြတ်ပြောထားတာ။



ဟုတ်တယ်လေ မနေ့ကသံပုရာသီးတစ်ထောင်ဖိုး၀ယ်လာတယ်၊ ဒီနယ်မှာသံပုရာသီးတစ်ထောင်ဖိုးက ဝေါမှာလိုဆယ်လုံးထက်ပိုမရတာမျိုးမဟုတ်ဘူး။ ရေချိုးတဲ့သံဇလုံကြီးနဲ့အပြည့်မောက်မောက်ကိုရတာ။ အဲ့ဒါကိုရေမဆေးအခွံမခွာဘဲ လာလာနှိုက်စားနေတာသူ့ကိုယ်သူကျန်စစ်သားမင်းလှံများရနေတယ်ထင်နေလားမသိ။ တစ်၀က်ကျိုးသွားတဲ့သံပုရာသီးတွေပျောက်တုန်းကအဲ့လောက်မလန့် နှုတ်ခမ်းရဲရဲလေးကို အားရပါးရနမ်းလိုက်တော့မှ ထိုလူ့ခံတွင်းထဲကလှိုက်တက်လာတဲ့ သံပုရာနံ့ဟာဆိုရင်လေ ဇိုက်သွေးကြောတွေတောင်ရပ်သွားသလိုဘဲ။ တကယ်ကိုစိတ်ပူသွားတာ။





ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now