ep (13)

1.4K 142 37
                                    


"ဘယ်လိုလဲ မင်းတို့ကြိုက်လား"


အိမ်အပြင်ဆင်က ဇိုက်​ထင်ထားတာထက်တောင်အဆင်ပြေနေသေးသည်။

"ငါတော့ကြိုက်တယ် နိုနိုးရောကြိုက်ရဲ့လား"

"အွန်း မဆိုးပါဘူး၊ ရေချိုးတဲ့နေရာမတွေ့ဘူးနော်"

နိုနိုးအိမ်၀င်လာထဲက ရေချိုးတဲ့နေရာကိုရှာနေတာဖြစ်သည်။ သစ်သားနှစ်ထပ်အိမ်ဖြစ်တာမို့ အိမ်ပေါ်မှာရေချိုးရမှာတော့မဖြစ်တန်ရာ။ ရေနံချေးသုတ်ထားတဲ့သစ်သားအိမ်လေးကတကယ်လှသည်။ အိမ်ကအနည်းငယ်သေးပေမယ့် ကိုယ်တွေနှစ်ယောက်ထဲနေမှာဆို လုံလောက်တာထက်ပိုနေပြီ။

"ရေကနောက်ဖေးမှာချိုးရမှာလေ၊ ရေတွင်းကအရင်နေတဲ့လူတွေတူးသွားတာ။ ရေတွင်းနဲ့မဆွဲချင်ရင် မော်တာတပ်လို့ရတယ်"

သီဟပြောတဲ့စကားကို ဇိုက်သေချာစဥ်းစားကြည့်မိသည်။ ရေတွင်းနဲ့ဆွဲဖို့ကတော့ ဇိုက်အတွက်သိပ်အခက်မတွေ့။ ဒါပေမယ့် နိုနိုးကဇိုက်မရှိတုန်းရေတွင်းမှာသွားဆွဲရင်ဘယ်လိုလုပ်မလဲ။ ဒါတော့လုံး၀မဖြစ်၊ မတော်တဆပြုတ်ပျက်ကျရင် ဇိုက်ပဲရင်ကွဲရမှာ။

"မော်တာတပ်လိုက်မယ်ဟေ့ရောင်၊ နိုနိုးကရေတွင်းရှိရင်သွားသွားဆော့မှာ ငါစိတ်မချဘူး။ရေတွင်းကိုအပေါ်ကသစ်သားပြားထူထူနဲ့အလုံပိတ်ပြီး အဲ့ရေတွင်းထဲကပဲ မော်တာမောင်းပြီးပိုက်နဲ့ရေဆွဲတင်မယ်။ "

ဘာဆိုင်လဲ။ ဘာဆိုင်လို့နိုနိုးကသွားဆော့တာကိုစိတ်မချရတာလဲ။ နိုနိုးက ကလေးလေးလား ပြော!ပြော!။ စိတ်ထဲကပြောရင်းအပြင်မှာလည်း ဒင်းကိုမျက်စောင်းနာနာထိုးမိသည်။ စိတ်ပုတ်ကောင်။

ဇိုက်နိုနိုးမကျေမနပ် မျက်စောင်းတွေလှိမ့်ထိုးနေတာသိပေမယ့် မမြင်ချင်ယောင်ဆောင်လိုက်သည်။ ဇိုက်ကဒင်းအကြောင်းပိုသိတာပေါ့၊ ချောင်းထဲမှာလည်းချောင်းထဲမှာမို့ထိန်းမရသိမ်းမရ။ ရေတွင်းမြင်ရင်လည်း မနေနိုင်မထိုင်နိုင်သွားသွားဆော့တာ။ ရေတအားကြိုက်တဲ့ထိုလူကို ဇိုက်ကရေတွင်းကြီးနဲ့ထားစရာလား။

"မော်တာတပ်ရင်ဘယ်လောက်ကျမလဲသီဟ၊ ဈေးကငါတို့ဆီမှာလိုပဲလား။ ဒီမှာကနည်းနည်းခေါင်တော့ဈေးတွေတအားမြောက်နေမှာပေါ့"

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now