ep (17)

1.4K 111 42
                                    


"Hi! ပထော်နဲ့ပေါက်စလေး"

လက်လက်ထနေတဲ့ အ၀တ်စားများ၀တ်ဆင်ထားသူမာမီတိုး(ခ)တိုးတက်မင်းက ဆိုင်ထဲသို့၀င်၀င်ချင်းလူပေါင်းစုံကိုနှုတ်ဆက်သည်။ ပထော်ဆိုတာက ဇိုက်လခပေးပြီးအငှားခေါ်ထားတဲ့ကောင်လေး။ ရှမ်းပြည်ကနေလာပြီး ဘုန်းကြီးကျောင်းမှာနေတာဖြစ်တဲ့အပြင် မိဘမဲ့အလုပ်မရှိတဲ့ကလေးလေးမို့ဇိုက်ကခေါ်ထားတာဖြစ်သည်။

ပေါက်စလေးဆိုတာကတော့ ဇိုက်ရဲ့နှစ်ယောက်မရှိတဲ့အချစ်တော်။

"ကိုကြီး၀င်ထိုင်လေ ပုံမှန်ပဲမလား"

နိုနိုးကဇိုက်ဘေးနားမှာ၀င်ကူနေရင်း မာမီတိုးကိုလှမ်းပြောသည်။ ပုံမှန်ဆိုတာက မာမီတိုးစားနေကျစပ်ပြဲနေတဲ့သင်္ဘောသီးထောင်းတစ်ပွဲ။

"အွိုက်စ်! ရိုင်းလိုက်တာပေါက်စရယ်ဘာကိုကြီးလဲ မာမီတိုးပါဆို။ပေါက်စနော်အရမ်းရမ်းစားတယ်သက်လား ဟွန့်!"

"ဟုတ်ပါပြီမာမီတိုးရယ် သားကစတာပါ"

"လူဆိုးလေးနော် စပ်စပ်လေးလုပ်ပေး၊ အိမ်ကချေမိုးအတွက်ပြောင်းဖူးထောင်းအချိုလေးတစ်ပွဲပါဆယ်"

နိုနိုးအရှေ့ကကျောင်းသူလေးတွေတွက် ဟင်းရည်ထည့်ပေးရင်းမာမီတိုးကိုခေါင်းငြိမ့်ပြလိုက်၏။ ကျောင်းလွှတ်ချိန်ဖြစ်တာမို့ ကျောင်းအပြန်၀င်စားတဲ့ကလေးတွေက ဆိုင်ထဲပြည့်ကျပ်သိပ်နေသည်။ တချို့ဆိုထိုင်စားဖို့နေရာမလောက်တာကြောင့် အိမ်ကိုပဲထုတ်သွားသူတွေလည်းရှိသည်။

"ဇိုက် ဘုတ်ဆုံတို့အဖွားတွက်၀က်သားထောင်းတစ်ပွဲဖယ်ဦးနော် သီဟဖုန်းဆက်ထားတယ်"

"အဲ့ဒါဆိုဒေါ်တင့်တွက်မရတော့ဘူး၊ ပထော်ဒေါ်တင့်ကိုသင်္ဘောသီးထောင်းကျန်သေးတယ်စားမလားသွားမေးလိုက်"

"ဟုတ် ကိုကြီးဇိုက်"

ပထော်ကခပ်သုပ်သုပ်ထွက်သွားသည်။ ဆိုင်ရှေ့မှာမတ်တပ်ရပ်စောင့်ပြီး လူကြီးတချို့နဲ့စကားပြောနေတဲ့ ဒေါ်တင့်ကိုအကျိုးအကြောင်းသွားပြော၏။

ပင်ပန်းတယ် တကယ်ပင်ပန်းတယ်။ ရွာမှာဇိုက်ရယ်နိုနိုးရယ်ဆိုတာဘယ်လိုနေခဲ့ရတာမလို့လဲ။ ထမင်းအဆင်သင့်ဟင်းအဆင်သင့် မုန့်ဖိုးတွက်ပူစရာမလိုတဲ့အခြေအနေ။ အခုလိုကိုယ့်၀မ်းကိုယ်ရှာစားရတာ တကယ်ပင်ပန်းသည်။ ဒါပေမယ့်နိုနိုးနဲ့မလို့ ပင်ပန်းရတာတောင်ပျော်နေတာက ဇိုက်ရယ်ပါ။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now