2

2.2K 270 2
                                    

Z

ဆွဲငင်စွာ ထွက်ပေါ်လာတဲ့ တယောသံကြောင့် မြို့တော်ဝန်ပတ်ရဲ့ ခြေလှမ်းတွေဟာ ရပ်တန့်သွားတယ်။ကမ်းရိုးတမ်း တစ်လျှောက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိလှတဲ့ တယောထိုးသံကြောင့် မြို့တော်ဝန်ပတ်ဟာ ခြေလှမ်းတွေရှေ့ဆက်မတိုးပဲ ရပ်တန့်ထားလေသေးတော့ အနောက်ကနေ လိုက်လာတဲ့ မြို့အရာရှိကပါ အတူ ရပ်တန့်လေတယ်။

"တယောသံကဘယ်ကလဲ"

မျက်နှာလှည့်လို့ မေးလာတဲ့ မြို့တော်ဝန်စကားကြောင့် အရာရှိဟာ ကမ်းရိုးတမ်း၏ ပတ်ပတ်လည်ကိုကြည့်လိုက်တယ်။

"ဗြောင်ရဲ့ တယောသံထင်ပါတယ် မြို့တော်ဝန်ပတ်။ဗြောင်က နေ့တိုင်း ပင်လယ်ကမ်းရိုးတမ်းဘက်ကိုလာပြီး တယောထိုးလေ့ရှိတတ်တယ်"

မြို့တော်ဝန်ပတ်ဟာ တစ်ချက်ငြိမ်သွားရင်း တယောထိုးသံလာရာကို ခပ်ဖြေးဖြေးလေး မျက်လုံးဝေ့လို့ရှာတယ်။ခပ်ဝေးဝေးက ကျောက်ဆောင်အနောက်က ထွက်ပေါ်လာတဲ့ တယောသံကြောင့် မြို့တော်ဝန်ပတ်ဟာ ထိုဘက်သို့ သွားရန်ခြေလှမ်းပြင်တယ်။
ထပ်မံစစ်ဆေးဖို့ကျန်နေသေးတဲ့ အလုပ်တာဝန်တွေကိုမေ့ထားပြီးတော့လေ။

"ခဏနေခဲ့"

အရာရှိဟာ မြို့တော်ဝန်နောက်လိုက်မယ့် ခြေထောက်တွေကို ရပ်တန့်လိုက်တယ်။ကြီးမားတဲ့ ကျောက်ဆောင်ကြီးအကွယ်နောက်မှာ နစ်နစ်နဲနဲ ခံစားချက်တို့ ထည့်စိုက်ကာ တယောတီးထိုးနေတဲ့ ဗြောင်ကို မြို့တော်ဝန်ပတ်ဟာ ရှာတွေ့ခဲ့တယ်။

စိတ်ခံစားချက်အစုံကို သေချာထည့်ထားပုံကြောင့် သူရောက်လာတာကို ဒီကောင်လေးဟာ ရိပ်မိပုံပေါ်မယ် မထင်လေဘူး။လက်ဖြူဖြူတွေက တံယောထိုးတံနဲ့အတူ ပြေးလွှားနေပြီး
မျက်လုံးမှိတ်လို့ တီးထိုးနေသော ဗြောင်အမည်ရှိ ကောင်လေးပါးပြင်ထံမှာ ကြည်လင်တဲ့ မျက်ရည်စတွေ စီးကျလာတယ်။

'ဂျွတ်'

ရှေ့တစ်လှမ်းတိုးဖို့ရည်ရွယ်လိုက်တဲ့ မြို့တော်ဝန်ပတ်ခြေလှမ်းဟာ သစ်ကိုင်းခြောက်တစ်ခုကိုတက်နင်းမိရင်း ထွက်လာခဲ့သော အသံကြောင့် တယောသံသာဟာ ရပ်တန့်သွားတယ်။
အရည်ကြည်စိုလဲ့နေသော ရွှေအိုရောင် မျက်ဝန်းစစတွေ ပွင့်ဟလာတော့ မြို့တော်ဝန်ပတ်ဟာ တည်တည်ပဲ စိုက်ကြည့်တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now