24

1.3K 205 70
                                    

U

ပုစွန်ဆီရောင်နေလုံးကြီးဟာတောင်တန်းတွေကြားထဲကို တစ်ဖြည်းဖြည်းနစ်၀င်ပျောက်ကွယ်သွားပြီဆိုတာနှင့် ညရဲ့အမှောက်ထုက တဖြည်းဖြည်းလွှမ်းခြုံလာခဲ့တယ်။
ညအချိန်ကိုကူးသန်းကာစ အချိန်စက်ကွင်းအတွင်းမှာတော့ မြို့တော်၀န်အိမ်ယာက အ၀င်အထွက်များစွာနှင့် လူတွေစည်နေတယ်။

​ပုံစံမျိုးစုံရှိတဲ့ တန်ဖိုးမြင့်ကားတွေက မီးရောင်စုံအပြည့်နှင့်မြောက်မြားလှစွာသော ပြင်ဆင်မှုတွေပြည့်နှပ်နေတဲ့ မြို့တော်၀န်အိမ်ယာထဲကို တစ်စီးပြီးတစ်စီး၀င်လာနေကြတယ်။ကိုယ်ရေးကိုယ်တာ သတင်းဆိုးအချို့ရှိပေမယ့် မြို့တော်ကို​ကောင်းကောင်းအုပ်ချုပ်ဆောင်ရွက်နိုင်တဲ့ မြို့တော်၀န်ပတ်ရဲ့မွေးနေ့ပွဲက ပုံမှန်ပွဲတွေထက် လူပိုစည်နေတယ်။

သာမန်လူတန်းစာတွေအတွက်ပါ ၀င်လာခွင့်ပေးထားတဲ့ မွေးနေ့ပွဲမို့ ပုံစံမျိူးစုံကားတွေအပြင် လူအမြောက်အများက အိမ်ယာထဲမှာပြည့်နှပ်နေတယ်။

မျက်နှာကျက်ပေါ်ချိတ်ဆွဲထားတဲ့ မီးဆိုင်းကြီးတွေဆီကအလင်းရောင်က လင်းလွန်းလို့လည်းမဆိုသာ မှိန်းလွန်းလို့လည်းမဆိုသာ...တေးဂီတဖျော်ဖြေပွဲတွေနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း အကတွေက သာမန်ထက်ပိုတော်၀န်ဆန်စေတယ်။

​မြောက်များစွာသော လူအုပ်ကိုကြည့်ပြီး ဗြောင်က အကျီအောက်ဖျားလေးကို ကျစ်နေအောင်ဆုတ်ကိုင်မိတယ်။
လူပေါင်းများစွာနဲ့အိမ်တော်အတွင်းက ရှုပ်ရှက်ခက်နေပေမယ့် ဗြောင်ကထိုလူအုပ်ကိုကျော်ပြီး အလည်မှာရှန်ပိန်တစ်ခွက်ကိုင်ပြီး ရယ်ရယ်မောမောရှိနေတဲ့ မြို့တော်၀န်ဆီလှမ်းဖို့ တော်တော့်ကိုမရဲဖြစ်နေရတယ်။

ဒီနေရာမှာပဲ မြို့တော်၀န်ဘ၀နဲ့သူ့ဘ၀က မှန်းမရအောင် တော်တော်ကြီးကွာခြားနေခဲ့တဲ့အကြောင်းကိုဗြောင်ထပ်ပြီးနားလည်လိုက်ရတယ်။

မြောက်များလှစွသော အိမ်တော်ရဲ့မင်းသမီးလေးတွေက မြို့တော်၀န်အနားမှာ လိပ်ပြာလေးတွေလို အလှသွေးမျိုးစုံနဲ့၀န်းရံနေကြတယ်။ဒါကိုကြည့်ပြီး ဗြောင့်စိတ်ထဲ ဖွင့်မထုတ်ရဲတဲ့ သ၀န်တိုစိတ်သေးသေးလေးကရောက်လို့လာတယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now