U
"သားငယ်..."
အမှောင်ထုတွေကနေရာတိုင်းမှာ ခြံရံနေတယ်။ ခပ်ဖျော့ဖျော့ရနေတဲ့ ပန်းရနံ့လေးဟာ အမေဖြစ်သူရဲ့ ပင်တိုင်ကိုယ်သင်းရနံ့လေး။နူးနူးညံ့ညံ့နဲ့ ခေါ်လိုက်တဲ့အမေဖြစ်သူရဲ့အသံက ဟိုးအေ၀းကြီးကနေလာပြီး တစ်ဆဆသူနဲ့နီးလာသလိုပဲ။
ပန်းရနံ့တွေက ပိုမိုပြီး လှိုက်ကနဲရလာတယ်။
ပိန်းမှောင်နေတဲ့ အမှောင်ထုကြားကနေ ခပ်ဖျော့ဖျော့အလင်းလေးတစ်ခု တွေ့လိုက်ရတယ်။"သားငယ်~"
"မာမီ~"
အလင်းသဲ့သဲ့လေးကပုံပန်းသဏ္ဍာန်မမြင်ရတောင် ရဲ့ရဲ့လေးပြုံးနေသလို ခံစားနေရတယ်။
"မာမီ~"
ဗြောင်က ရင်းနှီးနေတဲ့ အမေဖြစ်သူရဲ့ပုံရိပ်ကြောင့် အနီးနားတိုးကပ်ပြီး ပွေ့ဖက်လိုက်ဖို့ ရွယ်လိုက်တယ်။အနောက်ကို ဆုတ်သွားတဲ့ အလင်းဖျော့ဖျော့လေးက ပြုံးနေဆဲဖြစ်ပြီး
ဗြောင်က ထပ်တိုးလို့ ဖက်မယ်ပြုတော့ ပြုံးနေတဲ့ အလင်းရောင်လေးနောက်ကနေ ဖောက်၀င်လာတဲ့ ကျည်ဆံ။မျက်ဆံတွေပြူးသွားတဲ့ ဗြောင်က အလင်းဖျော့ဖျော့လေးကို ပွေ့ဖက်လိုက်ဖို့ပြင်ပေမယ့် သူ့ဆီမှာ လေဟာနယ်တစ်ခုပဲပါလာခဲ့တယ်။
ထို့နောက် ပြန်ပြီး ပိန်းမှောင်သွားတဲ့နေရာ။
နားထဲကို ကျယ်လောင်ပြီး ဆူညံနေတဲ့ စကားပြောသံတွေစကြားလာခဲ့ရတယ်။"ကချေသည်လုပ်စားပြီး အပျက်မကများ"
"တစ်နေ့နေ့ လင်ကောင်မပေါ်ဘဲ မွေးလာတဲ့ သားနဲ့မျက်ရည်ချူနေတာ"
"မျိုးရိုးနိမ့် အဆင့်မရှိတဲ့ဟာမက ငါ့သားနဲ့ပတ်သတ်ခြင်သေးတယ်"
"အပျက်မ"
"မျိုးရိုးနိမ့်တစ်ယောက်က ဘာများ ကျက်သရေရှိလို့လဲ"
"သူ့အဆင့်နဲ့!!"
တော်ပါတော့!!!
ကျယ်လောင်တဲ့အပြစ်တင်ကဲ့ရဲ့သံတွေ။ဆဲဆိုသံတွေက သူအသက်၁၀နှစ်အရွယ်မှာ ကြားခဲ့ရတဲ့ စိတ်ဒဏ်ရာဖြစ်စေဖို့အတွက် ကြီးမားတဲ့ အထောက်အပံ့တွေပဲ။
YOU ARE READING
𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]