U
ပြင်းထန်လွန်းလှသော အပူရှိန်နဲ့ နေရောင်ခြည်က ဂျွန်မြောင့်မျက်နှာပေါ် ထီးထီးကြီးမိုးကျနေတယ်။
အန်ဖရီရိုနာကနေ မြို့တော်ကို တန်ဖိုးနိမ့်မြင်းလှည်းနဲ့လာခဲ့ပြီး လမ်းတစ်လျှောက်လုံး လမ်းခရီးကကြမ်းလွန်းတာမို့ နဂိုပင်ပန်းနေတဲ့ ကိုယ်ဟာ ကျစ်ကျစ်တောက်ပူနေသောနေကြောင့်ပါ ဂျွန်မြောင့်ကိုယ်က ပိုလို့ပြိုင်းပြိုင်းကျနေပြီ။
လက်ထဲကအနည်းငယ်ကျန်သေးတဲ့ ငွေအချို့နဲ့ပဲ စျေးနိမ့် တည်းခိုခန်းမှာ၀င်တည်းလိုက်တယ်။
နေရာကစျေးနိမ့်တည်ခိုးခန်းဖြစ်သည့်တိုင် တန်ဖိုးအနည်းဆုံးအခန်းကိုယူထားတာမို့ ဧရိယာအကျယ်အ၀န်းကလူတစ်ယောက်၀င်ဆန့်စာမှာပဲရှိတယ်။
ဗြောင့်ကို တွေ့အောင်ရှာရအုန်းမှာမို့ ဒီမှာဘယ်နှရက်နေဖြစ်မယ်မသိတဲ့ဂျွန်မြောင်က တတ်နိုင်သလောက်တော့ ငွေကိုချွေတာရန် စီစဥ်တွေးတောထားတယ်။
အင်း....၁၁ကျော်နှစ်ကြာပြီးမှ ပြန်ခြေချမိတဲ့ ဒီမြို့တော်မှာ မကောင်းတတ်လို့တော့ ထိုလူ့ဆီ ရောက်နေကြောင်း သွားနှုတ်ဆက်ရအုန်းမှာပဲ။
လောလောဆယ်တော့ ဂျွန်မြောင်က အနည်းငယ်ကြမ်းရှတဲ့အိပ်ယာပေါ်မှာ ပင်ပန်းတာတွေ ပျောက်ကင်းဖို့ ခဏတာကျောချလိုက်တယ်။
လူတစ်ရောက်စာ၀င်ဆန့်ရုံမျှ တည်းခိုခန်းလေးဟာ ဂျွန်မြောင်တို့နေခဲ့တဲ့အိမ်လေးထက်တော့သာပါသေးတယ်။စျေးနိမ့်တည်းခိုခန်းမို့ အနံအသက်ကကောင်းကောင်းကြီးမရှိသော်လည်း လူတန်းစားမျိုးစုံအဖုံဖုံမှာ နေခဲ့ရဖူးတဲ့ဂျွန်မြောင့်အတွက်ကတော့ အဆင်ပြေပါသေးတယ်။
ခဏတာ ပင်ပန်းတာတွေသက်သာရန် ကျောချလိုက်တဲ့ ဂျွန်မြောင်က ညနေခင်းလောက်မှာတော့ ပြန်နိုးလာခဲ့တယ်။ဆာလောင်မှုအတွက်က တည်းခိုခန်းကနေထွက်လာပြီး ညနေစာအတွက် ဗိုက်ဖြည့်ရန် မြို့တော်ထဲကိုပတ်လျှောက်လာခဲ့တယ်။
၀ါးထန်းရံငယ်တွေနဲ့အုပ်မိုးထားတဲ့ဆိုင်လေးဟာ အနောက်နိုင်ငံဖြစ်ကားတွေတစ်၀ီ၀ီနဲ့မြင်းခွာသံတွေကြားက လမ်းကြားလေးထဲမှာရှိနေတယ်။
YOU ARE READING
𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]