U
မနေ့ညက ဘယ်လိုအိပ်စက်ခဲ့သည်မသိပေမယ့် နိုးလာတော့ ဗြောင့်မျက်လုံးတွေက ဖွင့်မရအောင်နာကျင်နေပြီး ကျိမ်းစပ်နေတယ်။
မနေ့က အတော်အတန်ကြာငိုခဲ့တာကြောင့် မျက်လုံးတွေ နီနေမှာ ပြောစရာမလိုအောင်ပင်။ဆောင်းေ၀နံနက်ခင်းမှာလည်း ရင်မောစွာပဲထလိုက်တယ်။ဆာလောင်နေတဲ့ဗိုက်ဟာ ပူလောင်နေတဲ့ဘက်ကိုရောက်နေပြီ။
နာကျင်နေတဲ့ေ၀ဒနာတွေပေါ် ခပ်တိုးတိုးညီးမိတဲ့အခါမှာလည်း ဗြောင့်အပေါ်ရက်စက်လွန်းတဲ့ မြို့တော်၀န်ကို ပြန်တွေးမိပြန်တာမို့ ရင်ဘက်ထဲကေ၀ဒနာကပင် ထပ်မံတိုးလာပြန်တယ်။
အခန်းအပြင်ထွက်တော့ ဟိုဟိုဒီဒီ သွားလာနေတဲ့ အစေခံတွေကို ရှုပ်ရှက်ခက်စွာတွေ့ရတယ်။ကိုယ့်ကိုမြင်ဟန်မတူ သတိရပုံမပေါ်တဲ့လူတွေကြားထဲမှာ ဗြောင်က တိတ်တိတ်လေးပဲ သန့်စင်ခန်းဆီသွားလိုက်တယ်။
ရေခိုးငွေ့တွေရိုက်နေတဲ့ သန့်စင်ခန်းထဲကမှန်မှာဗြောင့်ရဲ့ရွှေအိုရောင်မျက်၀န်းတွေက သွေးကြောနီတွေထင်းကာ နီရဲနေတယ်။
အားအင်မရှိသလို နွမ်းဖျနေတဲ့ကိုယ်က ကိုယ်လက်သန့်စင်ပြီးတော့အနည်းငယ်တော့သက်သာသွားသလိုရှိတယ်။
ယနေ့တစ်နေ့တာကိုရောဗြောင်ဘယ်လိုစသင့်သလဲ...။
မြို့တော်၀န်ရဲ့အိပ်ဟာဖော်ပါတနာလေးအဖြစ်နဲ့လား?အသုံးမကျတဲ့ တယောထိုးတဲ့သူအဖြစ်နဲ့လား?
သေချာပေါက်တော့ သူဟာဘယ်အရာမှ မြို့တော်၀န်ရဲ့အတွက် အရေးမပါခဲ့ဘူး။
နံနက်စာဖြည့်စွက်မှုအတွက်ကတော့ ဗြောင်ကအစေခံတစ်ယောက်လမ်းမှာလက်ထဲထည့်ပေးသွားခဲ့တဲ့ ပေါင်မုန့်ကြမ်းလေးနဲ့ဖြေသိမ့်လိုက်တယ်။
ဗိုက်ကအတော်အသင့်နေလို့ကောင်းသွားတော့ ရင်းနှီးနေတဲ့ခြေလှမ်းတွေက ထင်ကျန်နေတဲ့ခြေရာတွေပေါ်ကို ထပ် မိတယ်။
ဒီလမ်းကနှလုံးသားကိုနာကျင်ရဖို့အထပ်ထပ်မွှန်းနေတဲ့ဓားသွားတွေနဲ့ ခြေလှမ်းတွေဖြစ်ပေမယ့် မနာခံစွာ အိမ်တော်ဘက်ကိုပဲ ခြေဦးလှည့်မိပါတယ်။
YOU ARE READING
𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]