19

1.4K 196 45
                                    

U

မွေ့ယာပေါ်မှာရှိနေတဲ့ဗြောင်က မြို့တော်၀န်ရဲ့စကားကြောင့် ငိုချမတတ်တုန်လှုပ်သွားခဲ့တယ်။နတ်ဆိုးတစ်ကောင်ဖွယ်မြို့တော်၀န်ရဲ့သဏ္ဍာန်ကအရမ်းကြောက်ဖို့ကောင်းနေတယ်။

စွန်ရဲတစ်ကောင်လိုစူးရှနေတဲ့ မျက်၀န်းတွေမှာ ဒေါသရိပ်တွေက လွှမ်းနေပြီး ပုံမှန်ဆိုရင်တောင် မော့ကြည့်ဖို့မရဲခဲ့တဲ့ မြို့တော်၀န်ရဲ့မျက်နှာထားဟာ ယခုမှာတော့ သူ့ကိုဒီနေရာမှာဆက်မရှိချင်တော့တဲ့အထိ ဖိနှိပ်နေတယ်။

"လမ်း....လမ်းမေးတာပါ...မြို့တော်၀န်"

"မလိမ်နဲ့!!!"

မြို့တော်၀န်အသံက အခန်းအတွင်းဟိန်းနေအောင်ထွက်လာခဲ့တာမို့ ဗြောင်မျက်လုံးတွေတင်းတင်းမှိတ်ချပြစ်လိုက်တယ်။
မြို့တော်၀န်က ဗြောင့်ကိုကြည့်ရင်း ဟိုလူ့ရင်ခွင်ထဲရောက်နေတဲ့ ဗြောင့်ကိုပြန်မြင်လာတာမို့ ဘေးနားမှာရှိတဲ့ ပန်းအိုးကိုခွဲချလိုက်တယ်။

ခွမ်း!!

"အင့်..ဟင့်"

မြို့တော်၀န်ရဲ့လက်ချက်ကြောင့်ပန်းအိုးက အေးစက်တောင့်တင်းနေတဲ့ ကြမ်းပြင်နဲ့ထိကပ်သွားပြီနောက်မှာ ကျယ်လောင်သော အသံနှင့်အတူ ပန်းအိုးအပိုင်းအစတွေက နေရာအနှံ့မှာလွင့်ပျံ့သွားတယ်။
ထို့နောက် ကြောက်လို့တုန်ယင်နေတဲ့ ဗြောင့်ထံက ရှိုက်ငိုသံတိုးတိုးကိုပါ ကြားလိုက်ရတယ်။

"မင်းပြော!!အဲ့ကောင်ဘယ်သူတုန်း!!"

မြို့တော်၀န်က အစိမ်းလိုက်အကြည့်တွေနဲ့ ဗြောင့်ကိုကြည့်လာခဲ့ပြီး မြို့တော်၀န်လက်ကပါ ကြမ်းတမ်းစွာ ဗြောင့်မေးဖျားကိုဆုတ်ကိုင်လာခဲ့တယ်။

"ဗြောင်...မသိဘူး"

မြို့တော်၀န်ကအသက်ကိုခပ်ပြင်းပြင်းရှုထုတ်နေသည့်ကြားကနေ မျက်လုံးတွေမှေးကျဥ်းလို့စိုက်ကြည့်လာခဲ့တယ်။

"မင်းမပြောလည်းရတယ်...အဲ့ကောင်ကဘယ်သူပဲဖြစ်ဖြစ် ငါရအောင်လိုက်ရှာပြီးဖျက်စီးပြမယ်!!!"

မြို့တော်၀န်ရဲ့စကားကြောင့် ဗြောင့်မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်။မြို့တော်၀န်က ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တတ်တဲ့သူမို့ အကိုဂျွန်မြောင်ဒုက္ခရောက်မှာကိုသူမမမြင်ချင်ပါ။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now