32

1.2K 152 13
                                    

U

တီ တီ တီ

"မြို့တော်၀န် သတိရလာပြီ!!"

မြို့တော်၀န်အနီးနားမှာ အနီးကပ်စောင့်ကြည့်ရတဲ့အစေခံဆီကနေ ထိတ်လန့်တကြားနဲ့ စကားသံထွက်ပေါ်လာတာမို့ အနားမှာရှိတဲ့အစေခံတွေကအစ အိမ်ယာတစ်ခုလုံးရုတ်ချင်းရုတ်ရုတ်သဲသဲဖြစ်သွားရတယ်။

မျက်ခုံးတန်းတွေကိုစုကျုံ့ရင်း ညီးသံတစ်ချက်ပေးကာ လေးလံနေတဲ့ မျက်ခွံလွှာတွေကို ဖြည်းဖြည်းချင်းပင့်တင်ရင်း သတိရလာတဲ့မြို့တော်၀န်အနားကို ဆရာ၀န်က အပြေးရောက်လာတယ်။

ဆရာ၀န်က ၄ရက်ကြာပြီးနောက်မှ သတိပြန်ရလာပြီဖြစ်တဲ့ မြို့တော်၀န်အခြေအနေကို သေချာအသေးစိတ်ကအစ ကြည့်ရှုပေးရင်း အားလုံးအခြေအနေကောင်းတယ်ဆိုမှသာ အသက်ရှုချောင်သွားသလို သက်သာစွာ ပြုံးမိလိုက်တယ်။

"ဘယ်နားတွေအဆင်မပြေတာ ရှိလဲမြို့တော်၀န်"

ဆရာ၀န်၏အမေးကို မြို့တော်၀န်က ခေါင်းလည်းမခါခေါင်းလည်းမညိတ်။ဘာမှမသိတဲ့လူလို မရင်းနှီးတဲ့နေရာတစ်ခုကိုရောက်နေသလိုသာ အနီးနားမှာရှိတဲ့အရာအားလုံးကို ဖြည်းဖြည်းချင်းမျက်စိကစားကာကြည့်နေတာမို့ ဆရာ၀န်ရဲ့စိတ်ထဲ ထစ်ကနဲဖြစ်သွားရတယ်။

"မြို့တော်၀န် ဘယ်နားအဆင်မပြေလို့လဲ"

မြို့တော်၀န်ကဒီတစ်ခါလည်းပြန်မဖြေ။ဘေးနားရှိတဲ့ အစေခံတွေကို အရာအားလုံးကိုယခုမှမြင်ဖူးတဲ့အတိုင်း အသစ်အဆန်းတစ်ခုကိုလိုက်ကြည့်နေတယ်။

ဆရာ၀န်ရဲ့အတွေးတွေကပိုနက်နဲသွားပြီး မျက်မှောင်တွေပါ ကျုံ့လိုက်မိသွားတယ်။
သွေးပေါင်ချိန်ရော နှလုံးခုန်နှုန်းရောက သာမန်လူတစ်ယောက်လိုကောင်းမွန်တဲ့အခြအနေရောက်နေပြီဖြစ်ပေမယ့်ခေါင်းကဒဏ်ရာကတော့ဟိုလိုကြီးမကျက်သေးပေ။

ထိခိုက်မိတဲ့နေရာက ခေါင်းရဲ့Hippocampusနေရာမှာဖြစ်တာမို့ အစကတည်းကစိုးရိမ်ရသလောက်တော့ရှိတယ်။ဒါကြောင့် ဆရာ၀န်ရဲ့မျက်၀န်းတွေထဲ ရှုပ်ထွေးသွားကာ အရာအားလုံးကိုအသေးစိတ်လိုက်စူးစမ်းနေတဲ့ မြို့တော်၀န်ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ကာ တည့်တည့်ကြည့်လိုက်တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now