10

1.7K 231 30
                                    

U

"ဟဲ့ သူလေ....မြို့တော်၀န်ရဲ့ အီစီကလီ အသစ်လေးပေါ့!အစတုန်းကတော့ အိမ်တော်မှာ ဖျော်ဖြေဖို့ ခန့်ထားတဲ့ တယောသမားပဲ။ဘယ်ကနေဘယ်လို မြို့တော်၀န်ကို ဆွဲဆောင်လိုက်တယ်မသိ!"

"ဟယ်....ယောကျာ်းလေးချင်းကြီးကို....မြို့တော်၀န်က အမျိူးသမီးတွေကိုပဲ စိတ်၀င်စားတာပါဟဲ့"

"နင်ကလည်း....သူ့မှာ အမျိူးသမီးတွေထက်ပိုစိတ်၀င်စားဖို့ကောင်းတာ ရှိလို့ထင်တယ်!"

"ဟယ်...ယောကျာ်းချင်းကို"

အနားကနေ တွတ်ထိုးနေတဲ့ မိန်းကလေးတွေရဲ့ အသံက သူနားမထောင်လည်း သူ့ကိုသပ်သပ်မှတ်ကြားအောင်ပင် ပြောနေသလိုပင် ကွက်ကွက်ကွင်းကွင်း အကုန်ကြားနေရတယ်။

မြို့တော်၀န်အိမ်ယာရဲ့ မထင်မရှားနေရာတစ်ခုမှာ သူမူပိုင်တယောလေးကို ပွတ်တိုက်ရင်း
သူ့မျက်၀န်းတွေထဲမှာ မျက်ရည်တွေက စို့နစ်လာခဲ့ရတယ်။

ခဏကြာတော့ နောက်ကနေ တွတ်ထိုးနေတဲ့မိန်းကလေးတွေရဲ့ အသံတွေက တိတ်သွားပြီး ခြေသံတွေကတစ်ဖြေးဖြေး​ေ၀းကွာသွားတယ်။

ဗြောင်က ပင့်သက်ရှိုက်လိုက်မိတယ်။
သူ့ဘ၀က မြို့တော်၀န်ကိုချစ်ရတာ ထင်ထားတာထက် ဆိုးတာပဲ။မြို့တော်၀န်နဲ့ ဒီဆက်ဆံရေးကို တည်ဆောက်ပြီးရင် အထင်မြင်သေးသည့် အပြစ်တင်စကားတွေ ကြားရတော့မှာလည်း သူသိပေမယ့် သူ့စိတ်ကတော့ အရာရာကို ခံစားလွယ်တာမို့ မျက်ရည်၀ဲမိတုန်းပဲ။

ပွတ်တိုက်ပြီးသွားတဲ့ တယောဖြူလေးကို ဖွဖွထိရင်း ဗြောင့်မျက်၀န်းဖျားကနေ ပုလဲလုံးလေးတွေသဖွယ် အရည်ကြည်ဥကလေးတွေဟာ ပွတ်တိုက်ထားလို့ ပြောက်လက်သွားတဲ့ တယောဖြူလေးပေါ် ပေါက်ကနဲ ပြိုကျလာခဲ့တယ်။

ချစ်ရတာ ပင်ပန်းတယ်။
အဲ့ဒီထက် ချစ်ရတဲ့သူက မြို့တော်၀န်ဖြစ်နေလို့ ပိုပင်ပန်းရတယ်။

_______________

မနက်တုန်းက ငွေထုတ်ကို ပြစ်ပေးပြီး လှည့်မကြည့်စတမ်း ထွက်သွားတဲ့ မြို့တော်၀န်က နေ့လယ်ကျတော့ ချောမောလှပတဲ့ မိန်းမပျိုလေးကို ဖက်ပြီး ပွဲအတူတက်ပြန်တယ်။
ဂျောင်ကနေ ငေးကြည့်နေခဲ့တဲ့ ဗြောင်က တိတ်တိတ်လေးပဲသ၀န်တိုခွင့်ရခဲ့တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now