8

1.6K 250 9
                                    

Zaw

ဗြောင်နိုးထလာရသည့်နေ့တွေဟာ သာမန်နံနက်ခင်းတွေလို
ခြောက်ကပ်ကပ်ပေ။တစ်စွန်းတစ်စကျန်နေသေးတဲ့ ရင်ထဲက နွေးထွေးမှုလှိုင်းလေးဟာ အခန်းထောင့်နားက မီးအားနည်းနေပြီဖြစ်တဲ့ မီးအိမ်လေးလို ပျောက်တစ်ချက်မပျောက်တစ်ချက်နဲ့။

မနေ့ညကထိ တမေ့တမောငေးကြည့်မိတဲ့ မြို့တော်ဝန်ရဲ့ ခန့်ခန့်ချောချောမျက်နှာနေရာမှာ ယခုတော့ ကြီးမားလွန်းတဲ့ မီးဆိုင်းကြီးချိတ်ဆွဲထားတဲ့ မျက်နှာကျက်ကြီးကိုသာ အထီးကျန်စွာမြင်တွေ့နေရတယ်။

တစ်ဆက်တည်း မြို့တော်ဝန်အကြောင်းတွေးမိတော့လည်းမနေ့ညက အကြင်နာနွေးနွေးဟာ ယခုထိ ဗြောင့်နှုတ်ခမ်းရဲရဲပေါ်မှာ ခံစားမိတုန်းပဲ။မနေ့ညက မြို့တော်ဝန်က အခန့်မသင့်လို့ မူးနေပြီးအခန်းမှားဝင်ခဲ့သည်တိုင် ဘာကြောင့်ဗြောင့်ကို အကြင်နာခြွေခဲ့သလဲ မေးခွင့်မရှိတဲ့ အခြေအနေမှာ ဗြောင်သိလိုက်ရတဲ့ အချစ်ဆိုတဲ့ခံစားချက်နောက်မှာမြိုသိပ်နေရုံပဲ တတ်နိုင်တယ်။

ရင်ခုန်သံသဲ့သဲ့ကို ဆူငေါက်ရင်း ဘာမှမဖြစ်သလို ကျော်သွားဖို့ ဗြောင်ရင်နာနာနဲ့ပဲဆုံးဖြတ်ခဲ့တယ်။အတန်တန်တားနေပါရက်နဲ့ နှလုံးသားဟာအလိုက်မသိစွာ မြို့တော်ဝန်အောက်မှာ ကျရှံးခဲ့ပါရဲ့။

တစ်ကိုယ်ရေးသန့်စင်ခြင်းကို ပြုမူပြီးတော့ တယောအိတ်ကိုကိုင်ရင်း ဗြောင်က အိမ်တော်ရဲ့ ဧည့်ခန်းဝဆီထွက်လာခဲ့တယ်ဂီတကို ချစ်မြတ်နိုးသူ ဗြောင်ဟာ မနက်တိုင်း မငြီးမငြူ တေးဂီဖျော်ဖြေမှုတွေကို နှစ်သက်တဲ့ မြို့တော်ဝန်နဲ့တော့ အကြိုက်ချင်းတူနေပါရဲ့။

ဗြောင့်ဘ၀မှာ ဂီတတွေကို ချစ်မြတ်နိုးမယ်။တယောသံစဉ်တွေကြားဘ၀ကိုအပ်မယ်။အပူပင်ကင်းတဲ့ မြို့ငယ်လေးထဲမှာ
ကမ်းရိုးတမ်းတစ်လျှောက် တယောသံတွေနဲ့ပဲ ဖုံးလွှမ်းစေချင်တယ်။နောက်ပြီး အကိုဖြစ်သူကို ပျော်ရွှင်စေချင်တယ်။

ဒါ ဗြောင်သတ်မှတ်ထားတဲ့ သူ့ဘ၀လေးဖြစ်ပေမယ့် နောက်ထပ်အလုပ်တစ်ခုက မရည်ရွယ်ပါပဲ တိုးလာခဲ့တယ်။မြို့တော်ဝန်ကို ခိုးငေးဖို့ဆိုတဲ့ အလုပ်ပေါ့။
ဒီလိုသာဆိုရင် မြို့တော်ဝန်ဟာ တစ်ညတည်းနဲ့ ဗြောင်ရဲ့ တယောတွေထက် မြတ်နိုးရတဲ့ အရာဖြစ်သွားနိုင်တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now