23

1.2K 193 12
                                    

U

ဂျွန်မြောင်အရင်က ဖခင်ဖြစ်သူအိမ်မှာနေခဲ့ပေမယ့်ယခုတော့ သူကဖခင်အကူအညီလည်းယူစရာမရှိတော့တာမို့ ပုံမှန်အတိုင်းပဲ စျေးနိမ့်တည်းခိုခန်းမှာပြန်နေလိုက်တယ်။

ပေးလိုက်တဲ့ငွေသားအချို့နဲ့ ဂျွန်မြောင်ကရက်အတော်ကြာတဲ့ထိ ချော့ချော့မွေ့မွေ့နေနိုင်ခဲ့ပါတယ်။ညီဖြစ်သူဆီအဆင်ပြေနေရဲ့လားသွားတွေ့ချင်ပေမယ့်သူလိုလူက ထိုအိမ်ယာနားတောင်ကပ်နိုင်သည့်အခြေအနေမဟုတ်။

ကမ်းရိုးတန်းမှာတစ်လှုပ်လှုပ်နဲ့ကျောပြင်ငယ်လေးကိုမတွေ့ရတော့ အဆင်ပြေနေသလောက်တော့ရှိမယ်ထင်ပါရဲ့။ဂျွန်မြောင့်မှာလည်း ကိုယ့်အပူထက် ညီဖြစ်သူကိုချစ်လွန်းလို့ ညီဖြစ်သူရဲ့အပူကိုပဲ စိုးရိမ်နေရတယ်။

တစ်ယောက်သောသူချန်ထားခဲ့တဲ့ အန်ဖရီရိုနာမှာ သူမရှိနေတော့ ထိုသူပြန်လာရင်သူ့ကိုမတွေ့မှာလည်းစိုးရိမ်ရတယ်။သို့ပေမယ့် ထိုသူပေးသွားတဲ့ကတိမမည်တဲ့စကားတစ်ခွန်းကို သူကတော့မမေ့နိုင်သေးပေမယ့် တစ်ဖက်လူကတော့မေ့မေ့ပျောက်ပျောက်ရှိလှပေါ့။

မလိုလားလို့ ထွက်သွားခဲ့သူပဲ ထွက်သွားတဲ့သူထက်ကျန်ခဲ့တဲ့လူကပိုနာကျင်ရတယ်ဆိုတာ မှန်တာပဲ။
သူကတော့ အမှတ်မရှိညတိုင်း မျှော်နေမိသေးတာပဲ။

ချစ်ရတာတစ်ကယ်ပင်ပန်းတယ်။ဒါထက် ချစ်လွန်းလို့စောင့်ဆိုင်းရတာကပိုပင်ပန်းတာဖြစ်မယ်။

___________

ယနေ့ကလူအတော်စီကားနေတယ်။ဂျွန်မြောင်မြို့ထဲသွားလာရင်းကို ခါတိုင်းထက်လမ်းတွေကပိုကျပ်နေတယ်။ကားရောင်စုံတွေနဲ့လမ်းမထက်သာမက လူသွားလမ်းတွေပေါ်ထိပါ တွန်းတိုက်သွားလာရတာမို့ဂျွန်မြောင်အတော်မောပန်းနေပြီ။

ဆာလောင်နေတဲ့ဗိုက်က မွန်းတည့်အထိရောက်တာတောင် မနက်စာပင်မဖြည့်စွက်ရသေးတာမို့ ပင်ပန်းနေတဲ့ကိုယ်ကပါ ခံနိုင်အားမရှိတော့။

ဘေးနားက စားသောက်ဆိုင်ထဲ၀င်ပြီး အရိပ်အောက်မှာ ခဏအမောဖြေလိုက်တယ်။မြို့တော်အလျောက် လူစည်တာသိပေမယ့် ယနေ့လောက်တော့ ကျပ်သိပ်နေအောင် မစည်ဖူးပေ။
ဂျွန်မြောင်ရေတစ်ခွက်ကိုမော့သောက်ရင်း နံဘေးနားကလူတွေရဲ့စကား၀ိုင်းကိုနားစွင့်လိုက်တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now