30

1.5K 178 16
                                    

U

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းအတွင်းမှာ သာမန်အပူချိန်က ပုံမှန်အတိုင်းလည်ပတ်လျက်ရှိနေတယ်။ပြန်လည်သန့်ရှင်းထားလို့
ရှုပ်ပေမနေတော့တဲ့အခန်းအတွင်းက ခါတိုင်းထက်ပိုပြီးအထီးကျန်စရာကောင်းနေတယ်။

တိတ်ဆိတ်နေသော ပတ်၀န်းကျင်အတွင်းမှာ အခန်းအပြင်ဘက်က လမ်းလျှောက်သံတရှပ်ရှပ်ကို ရှင်းလင်းစွာကြားလိုက်ရပြီးသည်ဆိုတာနှင့် တပြိုင်နက် ကျယ်လောင်သော တံခါးဖွင့်သံကိုထပ်မံတစ်ဆတ်တည်းကြားလိုက်ရတယ်
။ရင်းနှီးသောခြေလှမ်းတွေနဲ့အတူ လေထုထဲပျံ့နှံ့လာတဲ့ အမျိုးသားသုံးရေမွှေးနံ့ကြောင့် ​အနားကိုကပ်လာတဲ့လူဆီကနေ မျက်နှာလွှဲလိုက်ရင်း နံရံဘက်ကိုပိုတိုးကပ်လိုက်တယ်။

သူ့ရဲ့မလိုလားသလို အပြုအမူကြောင့် ခြေလှမ်းပိုင်ရှင်ဟာ အလိုမကျသလို မျက်မှောင်တွေကျုံ့သွားခဲ့တယ်ဆိုတာကိုသူခံစားမိနေတယ်။အလိုမကျဖြစ်သွားတဲ့အမူအယာနဲ့အတူ သူ့လက်မောင်းကို ကြမ်းတမ်းစွာ ကိုင်ဆွဲယူလိုက်တဲ့ အားကြီးတဲ့လက်တစ်ဖက်ကြောင့်  ကျောပေးထားရာကနေ မျက်နှာချင်းဆိုင်အနေအထားပြန်ဖြစ်သွားရတယ်။

"ဘာလို့ငါ့ကိုရှောင်သွားတာလဲ!"

လေသံက ယခင်အတိုင်းမာကျောနေပုံထောက် ကောင်းကောင်းနေပြန်ကောင်းလာပုံပါပဲ။ဗြောင်စိတ်ပျက်လွန်းလို့ဘာမှဆက်မပြောချင်တော့ပေမယ့် သူဘာမှဆက်မပြောရင် တဇွတ်ထိုးဆန်ပြီး ဒေါသကြီးတဲ့မြို့တော်၀န်ကပိုပြီး ရက်စက်ပြလိမ့်မယ်။

"မဟုတ်ပါဘူး"

"လိမ်တယ်!"

အကဲခတ်တော်လွန်းတဲ့ မြို့တော်၀န်ကသူ့စကားဟာလိမ်နေတယ်ဆိုတာတောင် တန်းသိနိုင်လွန်းတဲ့အထိတော်တာတောင် သူ့ရင်ထဲဘယ်လိုခံစားနေရတယ်ဆိုတာတော့ဘယ်တော့မှမသိအောင် မမြင်ချင်ယောင်ဆောင်ထားပုံပေါ်တယ်။

"ပြော!မင်းကိုဘယ်သူဘာပြောလို့လဲ"

"ဟင့်အင်း"

"ဒါဆို ဘာဖြစ်လို့လဲ!"

ဗြောင်ပြန်မဖြေဘဲ သိပ်ဂရုစိုက်ပြနေတဲ့ မြို့တော်၀န်မျက်၀န်းတွေကိုအတင့်ရဲစွာစိုက်ကြည့်လိုက်တယ်။ရှုပ်ထွေးပြီးနက်နဲတဲ့ ဒီမျက်၀န်းတွေရဲ့အလွန်မှာ သူ့ကိုတစ်ကယ်ရောချစ်ရဲ့လားဆိုတဲ့အမှန်တရားကိုသူတစ်ကယ်သိချင်မိတယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now