25

1.3K 209 31
                                    

U

ဗြောင်ကတတ်နိုင်သလောက် မြို့တော်၀န်နဲ့​ေ၀းရာမှာနေဖို့စိတ်ကူးထားတယ်။အခုဆိုမြို့တော်၀န်ကတစ်ပါးသူအပိုင်ဖြစ်ဖို့အတွက်ခြေလှမ်းစနေပြီမို့လား။ရက်ပေါင်း၃၀​ကျော်လောက်နေရင် မြို့တော်၀န်ဟာအခြားတစ်ယောက်ရဲ့ဆိုင်သူအဖြစ်ရှိနေတော့မှာမို့ ဗြောင် ဒဏ်ရာတွေဒီ့ထက်ပိုမခံစားရအောင် ​ေ၀း​ေ၀းမှာပဲနေမှဖြစ်တော့မယ်။ဒါပေမယ့်...သူနေထိုင် နေတာ မြို့တော်၀န်လက်အောက်မှာပဲ... သူဘယ်လိုမှလည်းပြေးလွှတ်နိုင်မည်မဟုတ်ပါ။

ဗြောင်ကိုယ့်စိတ်ကိုယ်ပဲဆုံးမထားရတယ်။
သူမိုက်မဲရင် သူပဲခံစားရမှာမဟုတ်လား။

"ဗြောင်~"

"အကို~"

အားကိုရာတစ်ခုကိုတွေ့သွားသည့်နှယ်..ဗြောင်ဂျွန်မြောင့်ရင်ခွင်ထဲတိုး၀င်မိတယ်။သူ့မှာငိုဖို့ထက် နစ်နေတဲ့ဒဏ်ရာကိုဖြေသိမ့်ဖို့ပဲလိုအပ်နေတယ်။

"ထပ်ပြီးပဲလားဗြောင်~"

"အကို~ကျွန်တော်မငိုပါဘူး"

အကိုရဲ့ဆူချင်သလိုမေးလာတဲ့စကားကြောင့် မျက်ရည်မရှိကြောင်းပြဖို့ မျက်နှာကိုမော့ပြလိုက်တယ်။

"အရူးလေး~ဒီအကိုကိုလိမ်ဖို့မစဥ်းစားနဲ့ မငိုတော့ရော ဗြောင်အဆင်ပြေလို့လား"

အမြဲတမ်းကြိုတင်သိနေတတ်တဲ့ ဂျွန်မြောင်ကြောင့် ဗြောင့်ရဲ့မူသားစကားတွေကတိတ်ဆိတ်သွားပြီး အားတင်းပြုံးထားတဲ့အပြုံးတွေကမျက်နှာဆီကနေ လျော့ငယ်ကျသွားတယ်။

"သူ..သူကလက်ထပ်တော့မယ် အကို~ဗြောင်ဒီ့ထက်ပိုပြီးဆက်မမိုက်မဲသင့်တော့ဘူးမလား?"

ဂျွန်မြောင်ငြိုးငယ်နေတဲ့ ​ဗြောင့်မျက်၀န်းတွေကိုကြည့်ပြီး သက်ပြင်းချလိုက်မိတယ်။သူကိုယ်တိုင်လည်း ညီဖြစ်သူအတွက်ဘာလုပ်ပေးရမယ်မသိတော့။

"ဗြောင် ဘာလုပ်ချင်လဲ~"

ဂျွန်မြောင် ဖွာနေတဲ့ ဗြောင့်ဆံပင်လေးတွေဖိသပ်ပေးရင်း လေသံဖျော့ဖျော့နဲ့မေးလိုက်တယ်။

"ဗြောင်...ဗြောင်မသိဘူးအကို"

"ဗြောင်အဲ့လူနားမှာဆက်နေချင်သေးလား"

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now