33

961 115 7
                                    

U

မစ္စဟော်ဆန်ကသူမရှေ့မှာရှိငြိမ်သက်စွာထိုင်နေတဲ့ချန်းယောလ်ကို တိတ်တဆိတ် အကဲခတ်သလိုကြည့်နေတယ်။
အရင်လို သူမလာရင် မလိုလားတဲ့ပုံစံမျိုးနဲ့ဧည့်ခံနေရတာမျိုးမဟုတ်ဘဲ သူမကိုယခုမှမြင်ဖူးတဲ့လူတစ်ယောက်လိုကြည့်နေတာမို့သူမအတွေးများနေရတာက ချန်းယောလ်ဟန်ဆောာင်နေတာလား တစ်ကယ်လားဆိုတာကိုပင်။

အတိတ်မေ့သွားတယ်လို့သာဆိုနေရပေမယ့်
ချန်းယောလ်ဆီမှာကျန်နေသေးတဲ့ မူကျင့်တွေဖြစ်တဲ့ မျက်မှောင်အမြဲကျုံ့တတ်တာတွေ အရာရာကို မကြိုက်ကြောင်းပြတာတွေက ယခုထိရှိနေသေးတုန်းပင်။
သူမကိုသာစူးစမ်းနေပေမယ့် ချန်းယောလ်မျက်မှောင်တွေကစုကျုံ့နေပြီး မျက်နှာထားက တင်းနေတာမျိူးမဟုတ်ပေမယ့် အရင်လိုအရှိန်အဝါပြည့်ပုံစံမျိုးနဲ့တည်တန့်နေတယ်။

နောက်ဆုံး သူမရဲ့အကဲခတ်တာကိုလည်းပြီးရော သူမဘက်ကအရင် ချောင်းတစ်ချက်ဟန့်လိုက်ကာ တိတ်ဆိတ်နေတဲ့လေထုကိုဖြိုခွင်းပြစ်လိုက်တယ်။

"သား နေကောင်းရဲ့လား"

သူမရဲ့အသံက ဟန်ဆောင်နေတာကိုသိသားလွန်းသည့်တိုင်အောင်ကိုသာ ချိုသာလွန်းနေတယ်။ချန်းယောလ်ကသူမရဲ့အသံကြောင့်သူမကိုမျက်မှောင်ကျုံ့ကြည့်လာခဲ့တယ်။

"ဘယ်သူလဲ"

မထင်ထားတဲ့ချန်းယောလ်ဆီကအမေးကြောင့် သူမပါးစပ်ကအံသြသွားသလို 0 ပုံစံလေး ကျယ်ဟသွားခဲ့တယ်။သို့ပေမယ့် ခဏတာအတွင်းမှာပဲ သူမအမူအယာက ဆန့်ကျင့်ဘက်သို့ ပြန်ပြောင်းလဲသွားတယ်။

"အမေကသားရဲ့အမေပဲလေ"

"အမေ?"

"အင်းလေ အခုသားကလည်းနေမကောင်းဘူးဆိုတော့ အမေကသားကိုလာပြုစုပေးတာ"

မစ္စဟော်ဆန်စကားကြောင့် ကြည့်လာတဲ့ ချန်းယောလ်ရဲ့ မျက်လုံးတွေက သံသယတွေနဲ့ စူးစမ်းခြင်းတွေပါနေတယ်။သူမခဏတော့ ထိုအကြည့်တွေကြောင့် မျက်နှာတစ်ချက်ပျက်သွားပေမယ့်ဟန်ဆောင်တာကိုသူမဘ၀မှာ ပိုင်ပိုင်နိုင်နိုင်အလုပ်နိုင်ခဲ့ဆုံးအလုပ်တစ်ခုအလား မူမပျက်အောင်ဘဲ ဆက်ဟန်ဆောင်နေလိုက်တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now