U
နံနက်ခင်းနိုးလာတဲ့အချိန်မှာ ကျယ်၀န်းလှတဲ့ မြို့တော်၀န်အိပ်ခန်းထဲ ဗြောင်တစ်ယောက်ပဲအထီးကျန်စွာရှိနေခဲ့တယ်။ညက ရွှေရောင်တစ်ဖိမ့်ဖိမ့်နဲ့ အိပ်ခန်းကြီးဟာ နွေးထွေးဖွယ်ရာကောင်းသလောက် ယနေ့မနက်ခင်းမှာတော့ လေထုကအစ အေးစက်နေတယ်။
ဖြစ်နေကြအရာတွေမို့ အထွေအထူးသိပ်မတွေးတော့ဘဲ သက်ပြင်းဖွဖွချရင်း အိပ်ယာကနေထလိုက်တယ်။
မနေ့ညက မြို့တော်၀န်အခန်းက သိပ်ကို ကြီးကျယ်လှမှန်းမြင်တွေ့ခဲ့ပေမယ့် ယခုအခါ သေချာပြန်ကြည့်မိမှ ကြီးကျယ်ခမ်းနားတာထက်ကိုပိုနေတယ်။
သပ်သပ်ရပ်ရပ်နေတတ်တဲ့ မြို့တော်၀န်က အခန်းအတွင်းမှာ ဇိမ်ခံပစ္စည်းတွေနဲ့ ပန်းချီကားတွေကိုပါ နေရာတစ်ကျ ထား ထားတယ်။
မနီးမေ၀းကမှန်ထဲမှာ တောက်ပြောင်နေတဲ့ တယောတူရိယာတွေနဲ့ တော်၀န်ဆန်ဆန် အနက်ရောင် စန္ဒယားကြီးကလည်း ခမ်းနားလွန်းနေတယ်။
ဗြောင်လိုက်ကြည့်နေရင်းမှ တစ်နေရာအရောက် ဗြောင့်မျက်လုံးတွေက ငြိမ်သက်သွားတယ်။
အခန်းရဲ့အလည်တည့်တည့်မှာ ဖိန့်ဖိန့်ကြီးနေရာယူလျက်ရှိနေတဲ့ ဓာတ်ပုံကြီးက တစ်မျိုးတစ်မည်သော အရှိန်အ၀ါတွေပေးနေတယ်။
မိသားစု ၃ယောက်ပုံ ဓာတ်ပုံကြီးက မလွှဲဧကန် မြို့တော်၀န်ရဲ့ မိသားစုဓာတ်ပုံပင်
ဆယ်ကျော်သက်အရွယ် မြို့တော်၀န်ရဲ့ပုံရိပ်က အပူအပင်မရှိ ပြုံးပျော်နေသည်။တောက်ပနေတဲ့ အပြုံးတွေနဲ့ မြို့တော်၀န်ဆီမှာ ငယ်ရွယ်နုပျိုမှုတွေက အထင်းသား။ဘေးနားက လူနှစ်ယောက်ပုံရိပ်ဆီကိုအကြည့်ရောက်တော့ ဗြောင့်ခေါင်းတွေကထိုးကိုက်လာခဲ့တယ်။ခပ်ပြုံးပြုံးရှိနေတဲ့ အမျိုးသမီးက ပြုံးနေပေမယ့် အကြည့်တွေထဲမှာတော့မာန်မာနတွေက အထင်းသား။
ရင်းနှီးနေသလို ရှိပေမယ့် အဖြေကရှာလို့မရခဲ့ပေ။ကိုက်ခဲနေတဲ့ ခေါင်းကို ခဏအနားပေးပြီးကာမှ ထိုဓာတ်ပုံကိုပြန်ကြည့်လိုက်တယ်။
အိုဟောင်းနေတဲ့ မှတ်ဉာဏ်တွေကို ခဏလောက်အလုပ်ပေးလိုက်ကာ အဖြေရှာလိုက်တယ်။
YOU ARE READING
𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]