27

1.5K 233 32
                                    

U

"ဒီရက်ပိုင်း ဗြောင် တစ်ခုခုအဆင်မပြေဖြစ်နေတာလားဟင်...ဗြောင့်မျက်နှာသိပ်မကောင်းတာတွေ့တယ်"

အက်ဆန်ရဲ့အပြောကြောင့် ဗြောင်ကိုယ့်မျက်နှာကိုယ်ပြန်ထိကြည့်မိတယ်။ဒီရက်ပိုင်းအတွင်း အက်ဆန်ပြောသလို သူအဆင်ပြေမနေပါ။သူ့မျက်နှာက အဆင်မပြေဖြစ်နေတာ သိသာလွန်းအောင်ကို အပူမိနေတဲ့ မျက်နှာမျိူးဖြစ်နေမလားဆိုတာကိုလည်း ဗြောင်မသိတော့။

အဲ့နေ့ကပြီး ဒီ့နေ့နဲ့ဆို တန်းလျားအပြင်ဘက်ကိုမထွက်တာ ၁ပတ်လောက်ရှိရော့မယ်။သူမြို့တော်၀န်ကိုသွားမတွေ့ခဲ့သလို မြို့တော်၀န်ကလည်းလိုက်မရှာခဲ့။
ပြန်တွေးမိတိုင်းမြို့တော်၀န်ကိုစိတ်နာမိပေမယ့် မုန်းလားဆိုတော့သူ့မှာ မမုန်းရက်နိုင်။
မြို့တော်၀န်ရဲ့အရုပ်တစ်ရုပ်လိုအပြုအမူတွေကို မခံနိုင်တော့လို့သာ ဗြောင်ကပြောထွက်ခဲ့တာ။

အဲ့နေ့ကတည်းကမြို့တော်၀န်နဲ့မတွေ့တော့တာဒီနေ့ထိပင်။နားစွန့်နားဖျားကြားရသလောက်တော့ လက်ထပ်ပွဲက နောက်၂ပတ်နေရင်ဆိုပဲ။​မြို့တော်၀န်လည်းအလုပ်တွေရှုပ်လွန်းလို့ သူဆိုတဲ့ဗြောင့်ကိုတောင် လုံးလုံးမေ့ရောပေါ့။နောက်များဆိုရင် ဗြောင်က မြို့တော်၀န်အတိတ်မှာ မပါခဲ့ဖူးတဲ့လူတစ်ယောက်လိုဖြစ်သွားလိမ့်မယ်။

အချိန်တန် မြို့တော်၀န်ကအခြားတစ်ယောက်နဲ့ဘ၀ထူထောင်ပြီး ဗြောင်ကတော့ ထွက်သွားရမယ့်လူပေါ့။ဗြောင်ကိုယ့်စိတ်ကိုပဲ ဒုံးဒုံးချဆုံးဖြတ်လိုက်တယ်။သူ့မြို့တော်၀န်လက်ထပ်ပွဲနေ့မရောက်ခင် ထွက်သွားရမယ်။မဟုတ်ရင် သူပဲနာကျင်နေရမှာ။

သူသွားမတွေ့ခဲ့ပေမယ့်မြို့တော်၀န် သတင်းတွေကိုတော့သူမကြာခဏနားစွန့်နေမိတယ်။ပြတ်သားမယ်လို့ဆုံးဖြတ်ထားလိုက်ပေမယ့် သူကိုယ်တိုင်ပဲအမှတ်မရှိရှိချစ်ချင်နေသေးပြန်တယ်။

​နောင်တဆိုတာ ကိုယ်လုပ်ခဲ့တဲ့အမှားတွေဆီကနေပဲ ပြန်ရတာတဲ့။ဒါဆို​မြို့တော်၀န်ကိုချစ်မိတာကအမှားဖြစ်ပြီး မချစ်တော့ဖို့မဆုံးဖြတ်တာက ဘ၀ရဲ့နောင်တရစရာကောင်းတဲ့အကြီးဆုံးအမှားပ​ဲဖြစ်လောက်မယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now