U
"အကို့!"
အေ၀းကနေပြေးလာနေတဲ့ ဘတ်ဟျွန်းကိုဂျွန်မြောင်ပြုံးပြုံးရွင်ရွင်နဲ့ပဲ လက်လှမ်းပြပြီးကြိုဆိုလိုက်တယ်။၀မ်းနည်းနေသယောင် မျက်၀န်းတွေထဲမှာ အပြုံးတွေပြည့်နှပ်သွားသည်အထိ ပြုံးရယ်လိုက်ပြီး ဖက်တွယ်လာတဲ့ဘတ်ဟျွန်းကိုနွေးထွေးစွာပြန်ထွေးပွေ့ထားလိုက်တယ်။
"ပျော်ခဲ့ရဲ့လား"
"ဟုတ်!"
တက်တက်ကြွကြွပြန်ဖြေလာတဲ့ဘတ်ဟျွန်းက အုန်းခွံရောင်ဆံနွယ်တွေဝဲခါသွားအောင်ထိ ခေါင်းညိတ်ပြတယ်။ဂျွန်မြောင်ကဘတ်ဟျွန်းခေါင်းကဆံပင်လေးတွေကိုချစ်စနိုးဆွဲဖွာလိုက်ရင်း ဆိုလိုက်တယ်။
"ဒါဆိုသွားနားနှင့်အုန်းနော် အကိုပြီးရင် လာခဲ့မယ်"
ဘတ်ဟျွန်းက လိမ္မာစွာ ဂျွန်မြောင့်စကားကိုနာခံပြီးအိမ်ထဲကိုပြေး၀င်သွားခဲ့တယ်။ဂျွန်မြောင်ဘတ်ဟျွန်းကျောပြင်သေးသေးလေးပျောက်သည်အထိလိုက်ကြည့်နေခဲ့ပြီးမှ အားတင်းပြုံးထားတဲ့အပြုံးတွေကထိုအခါမှလျော့ရဲသွားတော့တယ်။
ဘယ်လောက်ပဲအားတင်းပြုံးထားပြုံးထားဘတ်ဟျွန်းကိုတွေ့တိုင်း ဂျွန်မြောင်ဟန်မဆောင်နိုင်လောက်အောင်မျက်ရည်ကျမိတယ်။
အဆင်ပြေနေတဲ့ပုံဖမ်းနေပေမယ့်တကယ်တမ်းတော့ ဂျွန်မြောင့်မှာအခြေအနေကိုခံနိုင်အားမှမရှိသေးဘဲ။"ဂျွန်~"
နှစ်သိမ့်အားပေးသလို ခပ်တိုးတိုးခေါ်သံနှင့်အတူ ပုခုံးကိုဖွဖွပွတ်သပ်ပေးလာတဲ့လက်ဖဝါးဆီကနေနွေးထွေးမှုကိုရတော့ ဂျွန်မြောင်အားကိုးရသည့်နှယ် ထိန်းချုပ်ထားသမျှ လွှတ်ချလိုက်ကာရိရှင်းရဲ့ရင်ခွင်ထဲကိုတိုး၀င်ကာငိုရှိုက်မိတော့တယ်။
ဒါတွေကပုံမှန်လိုဖြစ်နေခဲ့ပြီမို့ ရင်ခွင်ထဲမှာငိုကြွေးနေတဲ့ဂျွန်မြောင့်ကိုဖက်တွယ်ပေးဖို့ရိရှင်းလက်တွေမှာလည်းအဆင်သင့်။
"ကျွန်တော်....ကျွန်တော်လေ..ဒီအခြေအနေတွေကိုဆက်မကြည့်နိုင်တော့ဘူး"
ရှိုက်သံအပြည့်နဲ့ရင်ခွင်ထဲကနေ ပလုံးပဝါးဆိုလာတဲ့ဂျွန်မြောင့်အသံထဲမှာ ၀မ်းနည်းခြင်းတွေကအပြည့်။နေ့ရက်အသစ်သစ်တွေကိုကျော်ဖြတ်နေရတဲ့ ဘတ်ဟျွန်းအတွက်နေ့ရက်တိုင်းကိုပျော်ရွှင်ဖွယ်ရာတွေပဲယူဆောင်ပေးနိုင်ခဲ့ပေမယ့် နောက်တနေ့ရောက်ရင်လူအသစ်တစ်ယောက်လိုဖြစ်သွားတတ်တဲ့ဘတ်ဟျွန်းပုံရိပ်တွေကိုသူမခံစားနိုင်။
YOU ARE READING
𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]