6

1.6K 239 4
                                    

z

နံနက်မိုးသောက်ပင်ဖြစ်သည်။

ဗြောင်အိပ်ရေးမ၀သေးသည့်နယ်သန်းဝေရင်း ဘေးနားကပြတင်းပေါက်အားဖွင့်လိုက်တယ်။လက်ဆတ်သည့် နံနက်ခင်းလေပြေဟာ ဗြောင်၏ မျက်နှာနုနုပေါ် လာရိုက်ခတ်လေရင်း ဗြောင်ဟာ အပြုံးသေးသေးလေးဆောက်တည်လိုက်လေတယ်။။

နံနက်၆နာရီထိုးပြီဖြစ်တာမို့ဗြောင်၏ အိပ်ယာထချိန်ရောက်ပြီဖြစ်သည်။ဗြောင် တစ်ကိုယ်ရည်သန့်ရှင်းပြီး တယောတီးဖို့အတွက် အပြင်ထွက်လာခဲ့တော့ မြို့တော်ဝန်အိမ်တော်ထဲက လူတွေဟာ အလူပ်ရှုပ်နေတာကို တွေ့ရတယ်။

ခါတိုင်းထက်ကို အလုပ်ပိုရှုပ်နေတဲ့ပုံကြောင့် ဗြောင်ဟာ သူ့ကြောင့်အလုပ်မပိုမိစေရန် တယောကိုဆွဲလျက် တိတ်တိတ်လေးအိမ်တော်ဧည့်ခန်းဝဆီထွက်လာခဲ့တယ်။

ဒါပေမယ့် ဗြောင်ရောက်တဲ့အချိန်မှာ ခါတိုင်းလို ဖျော်ဖြေသူတွေကို မတွေ့ရဘူး။အဆိုးဆုံး အကိုမင်ဆော့ကိုတောင် မတွေ့ရတော့ ဗြောင်ဟာ အလုပ်ရှုပ်နေကြတဲ့ လူတွေအလည်မှာ ကန့်လန့်လေး တယောအိတ်လေးနဲ့ ကြောင်တောင်လေးရပ်နေခဲ့မိတော့တယ်။

"ဟေး!"

နောက်ကျောကိုလာပုတ်တဲ့ အထိအတွေ့နဲ့အတူ ဗြောင်ဟာ လန့်သွားတယ်။ဗြောင် နောက်ကိုလှည့်ကြည့်တော့ မြို့တော်ဝန်အိမ်ယာရဲ့ စီမံသူဖြစ်နေတာကို တွေ့ရတယ်။

"မင်းအတွက် ဒီနေ့ကအားလပ်ရက်မို့ ဖျော်ဖြေဖို့မလိုဘူးကောင်လေး"

ထိုလူဟာ ဒီတိုင်းပဲပြောပြီးထွက်သွားတယ်။ဗြောင်တစ်ခုတော့ တွေ့မိပါရဲ့။မြို့တော်ဝန်အပါအ၀င် မြို့တော်ဝန်အိမ်တော်က လူတွေကပါ စကားကို တိုတိုပြတ်ပြတ်နဲ့ ပြောတတ်တာလားလို့။ဗြောင် ပြောလို့ပြောတာ မဟုတ်ပေ။ဒီကလူတွေ မြို့တော်ဝန်အပါအ၀င် စိတ်ကြီးကြတာ တစ်ကယ်ပေ။စိတ်ထဲတွင်
ဗြောင်နည်းနည်းတော့ ဝေဖန်လိုက်အုန်းမည်။

"ဟင်း"

သက်ပြင်းတစ်ခါချရင် အသက်တစ်ရက်တိုတယ်တဲ့။ဗြောင် ခပ်ပြင်းပြင်းသာချရင်း ရတဲ့အားလပ်ရက်လေးမှာ မြို့အတွင်း လေ့လာလည်ပတ်ဖို့ တွေးတောလိုက်တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now