18

1.2K 200 17
                                    

U

"မြို့တော်၀န်....၀န်ကြီးချုပ်ဖရော်ဒန် ရောက်နေပါတယ်"

အိမ်ထိန်းဟယ်၏စကားကြောင့် စာအုပ်တစ်အုပ်ကိုဖတ်နေတဲ့မြို့တော်၀န်၏မျက်လုံးတွေက အိမ်ထိန်းဟယ်ဆီရောက်သွားခဲ့တယ်။

"ကိုယ်တိုင်လာတာလား"

"ဟုတ်ပါတယ်မြို့တော်၀န်"

အိမ်ထိန်းဟယ်၏စကားကြောင့် မြို့တော်၀န်ရဲ့မျက်လုံးတွေကတစ်ချက်နက်နဲသွားတယ်။
ခဏလောက်တွေးပြီးမှ စာအုပ်ကိုပိတ်ရင်း အမိန့်တစ်ချက်ပေးလိုက်တယ်။

"အင်း..ကောင်းကောင်းဧည့်ခံထားလိုက်!"

"ဟုတ်ကဲ့ပါမြို့တော်၀န်"

အရိုအသေပေးပြီးထွက်သွားတဲ့အိမ်ထိန်းဟယ်ကို တစ်ချက်သာကြည့်ပြီး တွန့်ကြေချင်နေတဲ့၀တ်စုံကို တစ်ချက်သပ်လိုက်တယ်။

မြို့တော်၀န်ဖြစ်သည့်အလျောက် မြို့စားတွေအမတ်တွေနဲ့ပတ်သတ်ရတာက သူ့အတွက်တော့ အထူးအဆန်းမဟုတ်ခဲ့ပေ။

ထူးဆန်းနေခဲ့တာက ၀န်ကြီးချုပ်ဆိုတဲ့လူနဲ့သူဟာဘယ်တုန်းကမှ ရင်းရင်းနှီးနှီးမပတ်သတ်ခဲ့ဘူးတာပင်။တစ်ခါတစ်ရံပွဲတွေမှာဆုံတတ်ပေမယ့် နှုတ်ဆက်ရုံလောက်နဲ့ပဲဖြစ်တယ်။

ယခုအခါမှာ ၀န်ကြီးချုပ်က အိမ်ယာထိကိုယ်တိုင်တောင်လာခဲ့တာဆိုတော့ ​ကိစ္စတစ်ခုခုရှိလို့များလားပင်။

အမှုကိစ္စတွေအတွက်ဆွေးနွေးချင်တောင် အစည်းအ​ေ၀းပွဲတွေမှာ တွေ့ဆုံဆွေးနွေးလို့ရပါရဲ့နဲ့...လူကိုယ်တိုင်တောင် အိမ်ယာထိရောက်လာခဲ့သည်ဆိုတော့...ကိစ္စကထင်သလောက်မရိုးရှင်းနိုင်။

မြို့တော်၀န် အတွေးအချို့များစွာများနေရင်းကနေ အချိန်လည်းနည်းနည်းဆွဲမိသွားတာကြောင့် ခပ်မြန်မြန်အိမ်တော်အောက်ထပ်ကို ဆင်းလာလိုက်တယ်။

အိမ်တော်အောက်မှာ သူ့လူတွေက ကြိုတင်ဧည့်ခံထားပြီးသာမို့ စားကောင်းသောက်ဖွယ်အမျိုးအလင်အစုံက ဧည့်ခန်းကစားပွဲခုံမှာ
ပြည့်ကျပ်နေအောင်နေရာယူနေတယ်။

မြို့တော်၀န်ဆင်းလာတာကိုမြင်တော့ ဝန်ကြီးချုပ်က ထိုင်နေရာကနေထလိုက်ပြီး လက်ကမ်းလို့နှုတ်ဆက်လိုက်တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now