38

903 89 14
                                    

U

"လူစိတ်မရှိတဲ့အကောင်!"

ပါးစပ်ကလည်းတဆက်တည်းဆဲရေးပြီး လဲကျသွားတဲ့ချန်းယောလ်ကိုယ်ပေါ်ကနေ အုပ်မိုးကာ  ဆက်တိုက်ထိုးနှပ်လာတာမို့ ပြန်မလုပ်ဖို့ရည်ရွယ်ထားတဲ့ချန်းယောလ်မှာမိုက်ကနဲမိုက်ကနဲ။

လည်ပင်းကအကျီကော်လံစကိုကိုင်ပြီး မျက်နှာကိုပဲ ဦးတည်ထိုးနေတာမို့ခဏတွင်းချင်းပဲ ချန်းယောလ်မျက်နှာကနာကျင်မှုနဲ့အတူတူသွေးအလိမ်းလိမ်း။

ပုံမှန်ဆို ကိုယ့်ကိုအသားနာအောင်လုပ်တာမကြိုက်ပေမယ့်ဒီတစ်ခါတော့ဘတ်ဟျွန်းအပေါ်လုပ်ခဲ့တဲ့အပြစ်တွေအတွက်မို့ ချန်းယောလ်ကျေကျေနပ်နပ်ကြီးခံယူနေတယ်။

ထိုးကြိတ်နေတဲ့လက်သီးချက်တွေကဘယ်နှချက်မှန်းတောင်မသိတော့သလို ချန်းယောလ်အတွက်ကလည်းအသက်တောင်မနည်းရှုနေရပြီး သွေးတွေယိုစီးကျနေတဲ့နှာခေါင်းထဲကလည်းပူကျင်နေတယ်။မူး​ေ၀လာတဲ့ခေါင်းက သွေးအမြှောက်အများဆုံးရှုံးမှုနဲ့အတူကိုက်ခဲကာတဆစ်ဆစ်။

ဂျွန်မြောင့်အဖို့ကတော့ ဘယ်သူတွေဘယ်ညာတွေမသိတော့ဘဲညီဖြစ်သူအတွက်သာ ဒေါသထွက်ရလွန်းလို့ လူသတ်မိတော့မယ့်အထိကိုချန်းယောလ်ကိုထိုးကြိတ်နေမိတော့တယ်။

သူ့မျက်လုံးထဲမှာ မျက်ရည်အပြည့်နဲ့ငိုနေတဲ့ ညီဖြစ်သူရဲ့အပြိုပြိုအလဲလဲခန္ဓာကိုယ်ကမျက်လုံးထဲကကိုမထွက်။

၃ ၄ချက်လောက်ဆက်တိုက်ထိုးလိုက်ပြီးမှ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ချန်းယောလ်ကိုယ်ကနေ ခွာလိုက်တယ်။
သွေးအလိမ်းလိမ်းနဲ့ချန်းယောလ်မျက်နှာကနေပါလာတဲ့သွေးတွေကို တစ်ချက်သုတ်လိုက်ပြီး ပြစ်လဲကျတော့မယ့်ခပ်မျော့မျော့ပုံစံနဲ့ချန်းယောလ်ကိုပြန်ကြည့်လိုက်တယ်။

"နောက်တခါ ငါ့ညီအနားမင်းကိုထပ်တွေ့ရရင် မြို့တော်၀န်တွေဘာတွေလည်းဂရုမစိုက်ဘဲ မင်းကိုအသေသတ်ပြစ်မှာ!!"

သွေးချင်းရဲနေတဲ့လက်သီးကိုတစ်ချက်ခါပြီး
မေ့မျောသွားတဲ့ချန်းယောလ်ကိုပြစ်ထားခဲ့တဲ့ဂျွန်မြောင်က ဒီတစ်ခါတော့ အရင်ကမကျေနပ်ချက်တွေရောပြီး လက်စားချေခဲ့ပြီ။
သွေးအိုင်ထဲလဲကျွသွားတဲ့ချန်းယောလ်ကို ခပ်ပေါ့ပေါ့သာမျက်နှာလွှဲလိုက်ပြီး အိမ်ထဲကိုပြန်၀င်လာခဲ့တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now