U
မြူတွေအုံ့စိုင်းနေတဲ့နေ့တနေ့က ထင်ထားတာထက်ပိုအထီးကျန်စရာကောင်းတယ်။လက်တလောရာသီဥတုကချမ်းစမ့်စိမ့်နဲ့မို့ 1961 ခုနစ်ရဲ့ဆောင်းရာသီကမနှစ်ကထက်ပိုအေးတယ်။
ကျန်းမာရေးအခြေအနေကအခိုင်အမာကြီးတော့မဟုတ်သေးပေမယ့် ထင်ထားတာထက်တော့ပိုကောင်းအောင်ကြိုးစားနေတယ်။
ဘယ်တုန်းကရထားတယ်မသိတဲ့မျက်နှာပေါ်ကဒဏ်ရာတွေကလည်းကျက်ကာစနီးနီးဆိုတော့ ချန်းယောလ်ဒီနေ့တော့အိပ်ယာပေါ်မနေတော့ဘဲ သာမန်လူတစ်ယောက်လိုထလှုပ်ရှားလိုက်တယ်။သစ်သားအိမ်လေးဖြစ်တာမို့ သေးငယ်ပေမယ့် တွေးကြည့်တော့လည်းအရင်ကအိမ်တော်ထက်ပိုနွေးထွေးသယောင်။
သူ့ပစ္စည်းတွေကိုအစီအရီနဲ့ထားတာတဲ့အိမ်ဦးပိုင်းအတွင်းမှာပြည့်ကျပ်နေပေမယ့် သန့်သန့်ရှင်းရှင်း။အအေးဓာတ်တွေယိုဖိတ့်ကျနေတဲ့အိမ်အတွင်းပိုင်းကြောင့် ပူပူနွေးနွေးရှိစေဖို့ မီးလင်းဖိုမှာ မီးမွှေးပြီး ရေနွေးအိုးကိုတည်လိုက်တယ်။
ထိုအချိန်ကိုက်မှာဘဲ ခြေထောက်နားမှာ တုတ်လှုပ်လှုပ်နဲ့လာထိတွေ့တဲ့ အရာတခုကြောင့် ချန်းယောလ်လန့်ကာနောက်ကိုရို့လိုက်မိတယ်။"ဘာကောင်လဲ!"
လှုပ်တုတ်တုတ်နဲ့ မှောင်ရိပ်ကျသည့်ခြေထောက်နားမှာရှိတဲ့ အရာလေးကိုကောက်မလိုက်တော့ လက်ထဲအပြည့်ပါလာသည်ကအမွှေးထူထူနဲ့မဲနက်နေတဲ့ယုန်တကောင်။
နဂိုကတည်းကသတ္တဝါတွေကိုမကြိုက်တဲ့ချန်းယောလ်အဖို့ မြင်တော့နှာခေါင်းရှုံ့လိုက်မိပေမယ့်လက်ထဲကတော့ပြစ်မချလိုက်။
နီနီရဲရဲနှာသီးလေးကိုတရှုံ့ရှုံလုပ်ရင်း ချန်းယောလ်ဆီေ၀့ကြည့်လာတဲ့ယုန်မျက်လုံးသေးသေးလေးတွေက အသနားဟန်။သတ္တဝါလေးတွေကိုမကြိုက်တဲ့ချန်းယောလ်က သူ့အိမ်ရောက်နေတဲ့ယုန်မဲကိုဘယ်လိုနှင်ထုတ်သင့်သလဲ။
ချန်းယောလ်လက်ထဲကယုန်ကို စူးစမ်းသလို စိုက်ကြည့်ရင်းကနေ တဖြည်းဖြည်းခေါင်းကိုက်လာတာမို့ ယုန်ကိုလွှတ်ချပြီး မီးဖိုနားကစားပွဲမှာလက်ထောက်ရင်းတဆစ်ဆစ်ဖြစ်နေတဲ့နားထင်ကိုထိတွေ့လိုက်တယ်။
YOU ARE READING
𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]