5

1.6K 242 1
                                    

Z

"မြို့တော်ဝန်တော့ သောင်းကျန်းနေပြီ"

အစေခံတစ်ယောက်၏ ခေါင်းကိုကုတ်ရင်း ဆိုလာတဲ့ စကားမှာ အလုပ်သမားဆောင်ထဲက လူတွေက ငယ်ထိပ်ကို တက်ဆောင့်လိုက်သလို ပြာသွားကြတယ်။ဖင်မထိုင်နိုင် ၊ အိမ်တ်ာဘက်ကို ခြေလိမ်မတတ်သွားနေရနေသူတွေ မှာလည်းဒူးခွေကာ ပျော့ကျလုနီးနီးပင်။

"မြို့တော်ဝန်ပတ်က သိပ်စိတ်ကြီးတာ ဒီကိစ္စနဲ့ လုံးဝကို ဒေါသထွက်နေမှာ။"

အကြောင်းအရင်းကို မေးချင်နေသည့် ဗြောင်၏မျက်ဝန်းတွေကို နားလည်သိသည့်အလား အကိုမင်ဆော့က အကြောင်းကုန်ရှင်းပြလာတယ်။

"အခုကသွေးပူနေတုန်းမို့...မနက်ဖြန် သပတ်ခါ သို့မဟုတ်တော့ ရေလမ်းကလူတွေ ဘုံပျောက်တော့မယ်ဆိုတာ အကိုတော့ ကြိုသိနေပြီ"

အကိုမင်ဆော့က ရယ်နှောနှောပြောရင်း ပြာယာခက်နေသူတွေကို ဘာအကူညီပေးရမလဲ မေးဖို့ ထထွက်သွားတယ်။ကချေသည်တဲ့။သူအများကြီးမဟုတ်တောင် ကြားနေရတဲ့ သတင်းတွေထဲမှာတင် နားရေ၀နေပြီ။အဲ့ဒီအမျိုးသမီး ရိုစီက ကချေသည်တွေကို ကြိုက်နှစ်သက်သူထင်ပါရဲ့။မြို့တော်ဝန်ဟာလည်း ရိုစီအပေါ် စိတ်ရှိသည်ထင်၏။သို့မဟုတ်ရင် ဒီလောက်ပြာနေပါ့မလား။

ထိုသို့တွေးမိပြန်တော့ ရင်ဘက်က ဆစ်ကနဲဖြစ်သွားသည်။
ဗြောင်ဟာ ရင်ဘက်တစ်နေရာကို လက်ညိုးလေးဖြင့် တစ်ချက်ထိကြည့်ရင်း ငြိမ်နေမိသည်။

နာသည်။

သို့ပေမယ့်
ဗြောင်ဟာ တိတ်ဆိတ်စွာ နူးနူးညံ့ညံ့လေးပြုံးလိုက်မိပါသည်။




နူးညံလှပသော လက်ဖယောင်းသွယ်သွယ်တွေဟာ မီးရောင်သာသာအောက် အနုပညာဆန်ဆန် လှုပ်ရှားနေတယ်။တေးဂီတသံဟာ အိမ်တော်ခန်းမအတွင်း ငြိမ့်ညောင်းစွာ ပြန့်နှံ့လျက်ရှိနေပြီး တစ်ကိုယ်စာသာ ထွန်းထားတဲ့ မီးရောင်ဟာ ခြေလက်ဟန်ညီ ပျော့ပျောင်းစွာ ကပြေနေသော လူနောက် အရိပ်သဖွယ်လိုက်၏

တေးဂီတသံနှင့် တေးဂီတံသံနောက် လိုက်ရင်းအလိုလိုလှုပ်ရှားသွားတဲ့ အစိတ်အပိုင်းတွေကို ကြည့်နေသူများမက တီးခတ်သူတွေကပါ ခိုးကြည့်ကြလေတယ်

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now