28

1.4K 200 16
                                    

U

"ဒီကိစ္စကဘယ်လိုလုပ်မယ်လို့စိတ်ကူးထားလဲ မြို့တော်၀န်!"

"မြို့တော်ရဲ့မြောက်ပိုင်းမှာ ဓားပြမှုတွေရော လူသတ်မှုတွေရော တော်တော်များများ ဖြစ်နေတယ်"

"မြို့တော်၀န်ကိုတိုင်ချက်ဖွင့်စာ ဒီနေ့ အစောင်၂၀၀ကျော်ရောက်နေပြန်ပြီ"

"ဒီရက်ပိုင်း လူတွေပါးစပ်ဖျားမှာ မြို့တော်၀န်လာဘ်စားပြီး အမှုတွေရှောင်တိန်းနေတယ်လို့သတင်းရတယ်"

"မြို့တော်၀န်ကုန်သွယ်ခွင့်ပေးလိုက်တဲ့ သင်္ဘောမှာ တရားမ၀င်ပစ္စည်းတွေဖမ်းဆီးရမိတဲ့ကိစ္စကိုရောဘယ်လိုများဖြေရှင်းပေးမလဲ"

"မြို့တော်၀န်....."

"မြို့တော်၀န်......."

"မြို့တော်၀န်...."

"မြို့တော်၀န်......"

"ပြောလို့ ပြီးကြပြီလား!!!!!"

ဒီရက်ပိုင်းတွေထဲ မနက်လင်းပြီဆိုကတည်းက မရေတွက်နိုင်တဲ့ မြောက်များလှစွာတဲ့ အမှုကိစ္စတွေက မြို့တော်၀န်ခေါင်းပေါ် ပုံကျလာတယ်။ပုံမှန်ဆို အိမ်တော်ကနေသာအမှုကိစ္စတွေကိုင်တွယ်နိုင်ခဲ့တဲ့ မြို့တော်၀န်က ဒီရက်ပိုင်းတွေမှာတော့ မွန်းကြပ်စရာကောင်းတဲ့အစည်းအရုံးက အစည်းအ​ေ၀းပွဲတွေကိုနေ့တိုင်းတက်နေရတယ်။

'မြို့တော်၀န်' 'မြို့တော်၀န်' 'မြို့တော်၀န်' ဆိုတဲ့ခေါင်းစဥ်နဲ့ မကုန်ခမ်းနိုင်တဲ့ တိုင်ဆိုစကားတွေကြောင့် နောက်ဆုံးဒေါသထွက်စွာအော်လိုက်မှသာ အစည်းအ​ေ၀းခန်းထဲက အရာရှိတွေရဲ့ ပါးစပ်ပေါက်ကငြိမ်ကျကုန်တယ်။

ဒီရက်ပိုင်းသိသိသာသာ မြို့တော်ရဲ့အခြေအ​ေနကဆိုးရွားလာတယ်။နေ့တိုင်း မပြီးမြောက်နိုင်တဲ့အမှုကိစ္စတွေကိုင်တွယ်ဖြေရှင်းပေးနေရပေမယ့် တစ်ဆတစ်ဆ သူ့ဆီမှာ တိုင်ချက်ဖွင့်စာတွေနဲ့ မြို့တော်ထဲကိုကုန်သွယ်တဲ့ တရားမ၀င်ပစ္စည်းတွေကိုလည်း တွေ့နေရတယ်။ပြီးတော့ရာထူးကြီးတွေထဲက အရာရှိတွေကလည်း အမှုကိစ္စတွေခေါင်းရှောင်ပြီးထွက်ပြေးနေတော့အကုန်ခြုံပြီးခေါင်းစားနေရတာ မြို့တော်၀န်ကိုယ်တိုင်ပဲ။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now