11

1.5K 240 31
                                    

U

ကျယ်၀န်းလွန်းတဲ့ အခန်းကြီးက ပူရှိန်းရှိန်းလေထုတွေကလွဲပြီးရင် တိတ်ဆိတ်နေတယ်။
မြို့တော်၀န်ရဲ့ ဆေးပေါ့လိပ်ကိုဖွာရှိုက်လိုက်လို့ ထွက်လာတဲ့ ဆေးပေါ့လိပ်ငွေ့တွေက ပူရှိန်းရှိန်းလေထုကို အနိုင်ယူပြီး လေထုထဲမွှန်ထူနေတယ်။

ခါတိုင်းလို တယောထိုးခွင့်မရတော့တဲ့ ဗြောင်က မြို့တော်၀န်ခေါ်ရင် လာရတယ်။
မလိုတော့ရင်လည်း ကိုယ့်အခန်းဆီပြန်လာရတယ်။တယောနဲ့ ထိတွေ့မှုမရှိခဲ့တာ ဗြောင့်အတွက်ဆို ၁ပတ်လောက်တောင် ပြည့်လုနီးနီး။

ဒီတကြိမ်မှာလည်း ဗြောင်က မြို့တော်၀န် သိမ်းကြုံး ဖတ်ထားတာကို ကျုံ့ကျုံ့လေးနဲ့ အရုပ်ကလေးလို ထိုင်နေပြီး မလှုပ်မရပ်လေးခံနေရတယ်။

မြို့တော်၀န်ကတစ်ကယ်ထူးဆန်းတယ်။
တစ်ခါတစ်လေ မြို့တော်၀န်က ကြမ်းတမ်းပြီးသူ့ခန္ဓာကိုယ်ကို အမဲဖြတ်သလို အရယူတတ်တဲ့ အချိန်တွေရှိပေမယ့်...တစ်ခါတစ်လေတော့လည်း ယခုလို ဖွဖွယယ ပွေ့ဖက်ထားရုံ နမ်းရှိုက်ရုံနဲ့တင်ကို နူးညံ့နေတတ်ပြန်တယ်။

ခါတိုင်းလို မျက်နှာမာမနေတဲ့ မြို့တော်၀န်က ယနေ့မနက်တော့ စိတ်ကြည်လင်နေသလို ပုံစံမျိုးမို့ ​ဗြောင် နှုတ်ခမ်းကိုက်မိတယ်။
သူ့မှာ မြို့တော်၀န်ကို တောင်းဆိုစရာသေးသေးလေးရှိတာမို့ မြို့တော်၀န်ကို ပြောသင့်မပြောသင့် စဥ်းစားနေရတယ်။

စိတ်လှုပ်ရှားနေရင် ဗြောင်လုပ်တတ်တဲ့ ခြေချောင်းလေးတွေ ကုတ်ပြီး နှုတ်ခမ်းဖွဖွကိုက်တာက အကျင့်လိုဖြစ်နေတာမို့
နှုတ်ခမ်းကိုဖွဖွလေးကိုက်ထားရင်း ဗြောင်က ရွှေအိုရောင်မျက်၀န်းလေးတွေ ပင့်သက်လို့ မြို့တော်၀န်မျက်နှာကို တကြည့်ကြည့်လုပ်နေရတယ်။

"မင်းမှာ ငါ့ကို တောင်းဆိုစရာရှိလို့လား?"

အကဲခတ်တော်တဲ့ မြို့တော်၀န်က လက်မောင်းကြားထဲက မတုန်မလှုပ်ရှိနေတဲ့ ဗြောင့်ကို စိတ်မရှည်သလို မေးလိုက်တယ်။

ဗြောင်က အကြည့်တွေ​ေ၀့၀ဲသွားပြီး
အသင့်ဆောင်နေကြ စာအုပ်လေးနဲ့ ဘောပင်လေးကိုယူပြီး စာအုပ်ပေါ်မှာ စာလုံး အနည်းငယ်ရေးလိုက်တယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now