31

1.1K 155 6
                                    

U

လူအ၀င်အထွက်များနေတဲ့ မြို့တော်၀န်ရဲ့အိပ်ခန်းကိုကြည့်ပြီး အခန်းတံခါးဘောင်နားမှာတိတ်ဆိတ်စွာရပ်ကြည့်နေမိတယ်။

ဆရာ၀န်တွေ အစေခံတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့မြို့တော်၀န်အခန်းက တော်တော် စိုးရိမ်ရတဲ့ပုံပေါ်တယ်။ဗြောင်ကိုယ်တိုင်လည်းသူကိုယ်တိုင်လွန်သွားတယ်ဆိုတာသိလို့ အခြေအနေသွားကြည့်ပြီးတောင်းပန်လိုက်ချင်ပေမယ့် အခန်းအပေါက်၀နားကနေ ရွေ့မလာတဲ့ခြေထောက်တွေက ခဲဆွဲထားသလိုခြေတစ်လှမ်း လှမ်းဖို့တောင်လေးလံလွန်းနေတယ်။

သူ့အနေနဲ့ အခုမှသွားတောင်းပန်ဖို့ဆိုတာက လိပ်ပြာမလုံသလိုဖြစ်နေသလို အနည်းငယ်လည်း ရှက်စိတ်၀င်မိပြန်တယ်။

ရုတ်ရုတ်သဲသဲဖြစ်နေတဲ့မြို့တော်၀န်အခန်းထဲမှာအကောင်းဆုံးသော ဆေးဆရာ၀န်တွေရှိသလို ​ေ၀ရာ၀စ္စဘာတစ်ခုမှလိုလေသေးမရှိအောင် လုပ်ပေးနေကြတဲ့ အစေခံတွေလည်းရှိနေတာမို့ ဗြောင်သွားဖို့တောင်လိုတော့မည်မထင်ပါ။
အရှေ့ဘက်ကိုမလှမ်းနိုင်တဲ့ခြေလှမ်းတွေက အခန်းပေါက်၀ကနေ နောက်ကိုပြန်ဆုတ်ဖို့တော့ အလွယ်တကူ တတ်နိုင်တယ်။

ဖွင့်လျက်သားရှိနေတဲ့ တံခါးပေါက်၀နားမှာဗြောင်ရှိနေပြီး အရင်ကလို အချုပ်ကျနေရက်သားမဟုတ်တာလည်း အခန်းရှေ့ကဖြတ်သွားဖြတ်လာနေကြတဲ့လူတွေသတိပြုမိမည်မထင်။ယခုအချိန်က အခွင့်ကောင်းတစ်ခုဖြစ်နေသလို သူ့ဘ၀တစ်ခုလုံး မြို့တော်၀န် ဆိုတဲ့လူရဲ့ အရိပ်အယောင်အောက်ကနေလွတ်မြောက်နိုင်တဲ့ ကြီးမားသောအခွင့်အရေးပင်။

ဒါပေမယ့်........ဗြောင်မလုပ်နိုင်ခဲ့သေးဘူး။

မြို့တော်၀န်ဆီကိုလည်းမသွားနိုင်သလို မြို့တော်၀န်အနားကနေလည်း ထွက်မသွားနိုင်ခဲ့ဘူး။ကိုယ့်စိတ်ကိုယ်တိုင်ကိုလည်းနားမလည်တော့တာမို့ သွက်သွက်ခါရူးသွားရင်ကောင်းမည်ဟု ​ဗြောင်ကြိတ်ဆုတောင်းမိတယ်။

ဘာမှမလှုပ်နိုင်တဲ့ ကျောက်ရုပ်တစ်ရုပ်လိုမျိူး အတော်ကြာတဲ့အထိ အခန်းတံခါး၀မှာရပ်နေမိပြီးနောက်မှာ ဗြောင်ကသူ့စိတ်ကိုပြန်ပြင်ဆင်လိုက်ပြီး ဘာမှမတွေးတော့ဘဲ စိတ်ကိုလျော့ချလိုက်တယ်။ထိုအခါမှ ဗြောင့်ရဲ့ခန္ဓာကိုယ်က အပူချိန်မှန်မှန်နဲ့ပြန်ပျော့ပြောင်းလာတယ်။​တစ်ကယ်တော့ဗြောင့်စိတ်တွေရှုပ်ထွေးပြီး စိတ်အားထက်သန်လွန်နေရင်း သူ့ခန္ဓာကိုယ်ကမိနစ်ပိုင်းလောက်ကြာသည်အထိ လှုပ်ရှားလို့မရအောင်ဖြစ်သွားတတ်တယ်။တစ်ခါတစ်လေဆို သူ့အရင်ကအတိုင်းစကားပြန်မပြောနိုင်တာတွေအထိပါ ခဏတာအဖြစ် ပြန်ဖြစ်နေတတ်တာမို့ ဗြောင်ကိုယ့်ကိုကိုယ်တောင် ဖိအားအရမ်းမပေးဖို့ လျော့ချထားရတယ်။

𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]Where stories live. Discover now