U
ပုဇွန်ဆီရောင်နေလုံးကြီးကတောင်တန်းတွေကြား ၀ှက်ကွယ်ပျောက်သွားပြီဆိုတာနဲ့ အိမ်ပြန်လမ်းတွေကို ဗြောင်စတင်ရတယ်။မီးရောင်တစ်လက်လက်နဲ့လမ်းမတွေဟာ အန်ဖရီရိုနာလို အထီးကျန်စရာမကောင်းပေမယ့် ဗြောင့်အတွက်ကတော့ ခိုကင်းမှုမဲ့တယ်။
ပြန်မလျှောက်ချင်တော့တဲ့ခြေလှမ်းတွေဖြစ်နေပေမယ့် သူ့မှာမြို့တော်၀န်အိမ်ယာကိုပဲ အထပ်ထပ်အခါခါဦးညွှန်မိတယ်။
ဖြစ်လို့ရသားနဲ့ ဖြစ်နိုင်ရင် အကိုဂျွန်မြောင်နဲ့အတူ အခုတစ်ခါတည်းအန်ဖရီရိုနာကိုပြန်လိုက်ခဲ့လို့ရသားနဲ့ဗြောင်က မီးကိုမှတိုး၀င်ချင်မိသကိုး။မြို့တော်၀န်အိမ်ယာဆိုတဲ့ စာလုံးမဲကြီးနဲ့ ရပ်၀န်းဟာ မြင်ရုံနဲ့တင် မွန်းကျပ်စရာကောင်းနေတယ်။သွားလာလှုပ်ရှားနေတဲ့ လူတွေ တန်ဖိုးမြင့်အနောက်တိုင်းကလာတဲ့ရောင်စုံဒီဇိုင်းစုံကားတွေက အိမ်ယာထဲမှာ အပြည့်ဖြစ်နေပေမယ့် မြို့တော်၀န်ပိုက်နက်ဆိုတာနဲ့တင် စိတ်ရှုပ်ထွေးမှုတွေက အထင်းသား။
စိတ်အလိုရာမဟုတ်ဘဲ နှလုံးသားအလိုကျ ပြန်လျှောက်ခဲ့ရတဲ့ ဒီအိမ်ယာထဲက ခြေလှမ်းတွေက မွန်းကျပ်စရာသိပ်ကောင်းတယ်။ထို့အတူ မြို့တော်၀န်ရဲ့ပိုင်နက်ရပ်၀န်းဆိုတာနဲ့တင် နှလုံးသားကနာကျင်ရတဲ့ကြားကနေ တစ်ဒိတ်ဒိတ်ခုန်လှုပ်နေသေးတယ်။
"မင်းဘယ်တွေသွားနေတာလဲ"
အစေခံတန်းလျားဘက်ကိုချိုးကွေ့တော့မယ့် ခြေလှမ်းတွေက မာထန်ခြင်းမည်တဲ့လေသံကြောင့် ရပ်တန့်သွားတယ်။
ထိုအသံကြောင့် ဗြောင်ဟာ ချက်ချင်းလှည့်ကြည့်မိသွားသလားပဲ။"အပြင်ကပါ"
မြို့တော်၀န်မျက်မှောင်တွေက သဘောမတွေ့သလို ခပ်ကျုံ့ကျုံ့။မနက်ကတော့ သတ္တ၀ါတစ်ကောင်ကိုမောင်းထုတ်သလို ခပ်မာမာပြောပြီး မောင်းထုတ်ခဲ့သူက ယခုတော့ ဗြောင် ဘယ်သွားလဲ ဘယ်ရောက်နေလဲဆိုတာ သိပ်ကိုအရေးစိုက်နေပေးပြန်တယ်။
လက်နှစ်ဖက်ကို ယှက်ထားပြီး ခပ်ကုတ်ကုတ်နဲ့ဗြောင့်ကို အကဲခတ်စူးစမ်းနေသလို ကြည့်နေတဲ့ မြို့တော်၀န်မျက်လုံးတွေက ခဏကြာတော့ တစ်ဆဆနှင့် အလိုမကျမှုတွေက စုပြုံလာတယ်။
YOU ARE READING
𝑽𝒊𝒐𝒍𝒊𝒏 𝑰𝒏 𝟏𝟗𝟔𝟎 //𝘊𝘩𝘢𝘯𝘉𝘢𝘦𝘬//[COMPLETED]