Part-1

23.1K 840 38
                                        

ကောင်းကင်တစ်ခုလုံးကြည်လင်ပြီး ပတ်ဝန်းကျင်ဟာလဲ အလွန်သာယာလှတယ်။ရာသီဥတုကလဲ အရမ်းကြီးမပူသလို အေးလဲမအေးလှ။

ကျောင်းဝန်းထဲသို့လှမ်းနေတဲ့ခြေလှမ်းတွေဟာ စိတ်လှုပ်ရှားမှုအပြည့်။ခါတိုင်းလဲ သွားနေလာနေကျ လမ်းတွေဆိုပေမဲ့ ဒီနေ့တော့တစ်ယောက်ထဲမို့လားမသိ ခြေဖျားလက်ဖျားတွေတောင်အေးစက်နေ၏။

'Jimin ah'

ကိုယ့်အတွေးနဲ့ကိုယ်မို့ ခေါ်သံကြားတော့ ခန္ဓာကိုယ်လေး တွန့်ခနဲ့။

ပြောပြောဆိုဆိုနဲ့ ပုခုံးကိုလှမ်းဖက်လိုက်တဲ့ နှစ်ယောက်မရှိတဲ့ သူငယ်ချင်း Kim Taehyung

'တစ်ယောက်ထဲလား JKရောမပါဘူးလား'

'ပါတယ် ပါမောက္ခခေါ်လို့ ဌာနကိုသွားတယ်'

မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတာ Kim Taehyungနဲ့ Jeon Jungkookမှအစစ်။

'ဒါနဲ့ အတန်းချိန်ကရော'

'၁၀နာရီမှ'

'ခုမှ ၉နာရီတောင်မထိုးသေးဘူးဆိုတော့ ငါနဲ့ Canteen လိုက်ခဲ့'

လက်ကနာရီကိုမြှောက်ကြည့်ရင်း Canteenဘက်သို့ မေးငေါ့်ပြတဲ့သူငယ်ချင်း‌လေး Kim Taehyung။

'ငါကဘာလို့လိုက်ရမှာလဲ'

'ငါမနက်စာစားမလာလို့လေ'

'မင်းဘာသာစားမလာတာလေ ငါကဘာလိုက်လုပ်ရမှာလဲ'

ဒီကောင်တစ်ကယ့်ငစား။အဆောင်ကနေ နောက်ကျမှလဲ ထွက်လာသေးတယ် ဘာမှစားမလာဘူးဆိုတော့ မယုံသင်္ကာဖြင့် ခေါင်းအစခြေအဆုံးကြည့်လိုက်မိတော့… မင်းသားရှုံးအောင်ပြင်ဆင်ထားပါ‌တဲ့ ကိုပဲ။

သူ့ပုံစံက ကျောင်းလာတတ်တာနဲ့မတူပဲ မော်ဒယ်လာလျှောက်တာလိုလို ရုပ်ရှင်ပဲလာရိုတ်တာလိုလိုနဲ့။ရည်းစားသာမရှိတာ ပဲအသေများတဲ့ Kim Taehyung။အမြင်ကပ်တာမို့ ဘုဆက်ဆက်ပြောလိုက်တော့…

'Yarrr Jimin ahမင်းကအခုတော့ ငါ့ကိုဒီလိုပြောပြီးပေါ့ ဟုတ်လား ငါမှာတော့လေ မင်းကိုဂရုစိုက်ပြီးချစ်ပေးလိုက်ရတာ မင်းကတော့ ငါ့အပေါ်ကိုလုပ်ရက်လိုက်တာကွာ'

'ဟျောင်း တိုးတိုးပြော သူများတွေကြားရင် ရည်းစားနှစ်ယောက်ရန်ဖြစ်နေတယ်ထင်နေအုံးမယ်'

Hyung is Mine (Completed)Where stories live. Discover now