Part-21

5.5K 381 6
                                        

ထိုလူသားလေးဟာ ကျွန်တော့်အပေါ်လုပ်ရက်လိုက်လေခြင်း။

ခရီးကပြန်လာကတည်းက စိတ်နဲ့လူနဲ့မကပ်ပဲ ပျောက်နေသောလူသားလေးကို တစ်မြို့လုံးအနှံလိုက်လို့ရှာခဲ့၏။ဘယ်လိုမှ ရှာမရတဲ့အဆုံး သူ့၏မွေးရပ်မြေသို့ဆင်းကာ လိုက်ရှာခဲ့သေး၏။သို့ပေမဲ့လဲ အပုန်းကောင်းလွန်းသူလေးကို မည်သို့မှရှာမရခဲ့။

မတွေ့တဲ့အဆုံးတော့ လက်လျော့လိုက်ရပြီး နေ့ရက်တိုင်းကို barမှာသာဖြတ်သန်းမိ၏။ကျောင်းဖွင့်ရင် ပြန်တွေ့မှာပါဆိုပြီး ကိုယ့်ကိုယ်ကိုသတိပေးရင်း နေ့ရက်တိုင်းကို အရက်ထဲခေါင်းစိုက်ကာ ကျောင်းဖွင့်မဲ့ရက်ကိုသာ မျှော်နေရတော့၏။

တွေ့မဲ့တွေ့တော့လဲ ထိုလူသားလေးဘေးမှာ အမည်မသိယောင်္ကျာသားတစ်ဦးရှိနေခဲ့ပြီး ထိုလူသားလေးဟာ ထိုယောင်္ကျား၏လက်ကို ကိုင်ထားသေး၏။

ခေါ်တဲ့အသုံးအနှုန်းကိုက "Hyung" တဲ့။
ဒါဆို အရင်ကMinnyလေးဆီ ဖုန်းခေါ်တုန်းက ကြားလိုက်ရတဲ့ Hyung ဆိုတာ သူများလား။

သူတို့နှစ်ယောက်က ဘာတွေလဲ?? ဘယ်လိုပတ်သက်နေကြတာလဲ။

ရှုပ်ထွေးစွာ ခေါင်းကိုအားကုန် ပွတ်သတ်လိုက်ပြီး ကန်တင်းမှထွက်လာခဲ့လိုက်တော့သည်။

"ယူနီကုတ် အဖြူရောင်လေးနဲ့…သိပ်လိုက်တဲ့ဒေါက်တာလေးရာ ကိုယ့်ရဲ့အသဲကိုမြန်ကုစားပါ🎶🎶🎶"

ဒီနေ့ဟာ ဒေါက်တာလေးနဲ့ချိန်ထားတာဖြစ်သည့်အတွက် ခြေလှမ်းတွေဟာ မြှောက်ကြွမြှောက်ကြွ။

Clubတွေတတ်ပြီး ထိန်းမရသော Jungkookကို သူ့မိဘတွေလဲမနိုင်တာကြောင့် ကျွန်တော့်ဆီကိုဖုန်းဆက်လာခဲ့ပြီး မင်းညီလေးက မင်းထိန်းရင်ရမှာပါဟုဆိုကာ ပြန်လာပေးပါရန် တောင်းဆိုခဲ့ကြ၏။ဖေဖေကလဲ သူ့ညီတောင်းဆိုမှုကို မျက်ကွယ်မပြုနိုင်တာကြောင့် အလုပ်ကိစ္စများကို သူပဲခေါင်းခံခါ ဖြေရှင်းပြီးနေခဲ့၏။

ကိုယ်ကတော့ ဒေါက်တာလေးနဲ့တွေ့ရန် အခွင့်အရေးမို့ စိတ်ဆိုးနေသောJiminကိုပင် ကျေးဇူးတင်မိ၏။

အမိမြေကိုရောက်လာတော့လဲ Jungkookနားမှာကြာကြာမနေ ဒေါက်တာလေး‌ကိုသာ သွားသွားချောင်းနေမိ၏။ခုဆိုရင် ဒေါက်တာနဲ့သူဟာ အရမ်းကိုရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်သွားကြပြီ။

Hyung is Mine (Completed)Where stories live. Discover now