'ဟင်!'
'Jungkook!'
'သား ဘယ်သူလဲ အသိလား??'
တံခါးသွားဖွင့်ပေးသော သားထံမှ ဘာအဖြေမှမရတာကြောင့် တံခါးအနီးသို့လျှောက်လာမိတော့…
'သား Jungkook! ဘယ်လိုဖြစ်လာတာလဲ လက်ထဲမှာလဲ အထုပ်အပိုးတွေနဲ့'
'ဟို…ကျွန်တော်အိမ်ပေါ်ကဆင်းလာတာ'
'ဟမ်!!'
'ဘယ်လို!!'
Jungkookစကားကို မယုံကြည်နိုင်ဖြစ်ပြီး Jiminရော အမေပါ သံပြိုင်ထွက်အံ့သြမိ၏။
'ဘယ်လိုဖြစ်တာလဲ Jungkookလေးရယ်…'
'ကျောင်းမှာရန်ဖြစ်လာလို့ အဲဒါ…အဖေကရန်ဖြစ်တာမကြိုက်ဘူးလေ အဲဒါကြောင့်…'
'အန်တီသဘောပေါက်ပြီ အဖေနဲ့သားစကားများကြတာတော့ ထုံစံပါပဲကွယ် သားအဖေလဲသွေးပူတုန်းခဏမို့ပါ သွေးအေးသွားရင်သားကို ပြန်ခေါ်မှာပါ အဲဒါကြောင့်ဘာမှအားမငယ်နဲ့နော် Jungkookလေး'
'ဟုတ်ကဲ့အန်တီ'
Taehyungတစ်ယောက်ကတော့ ပြူးတူးပြဲတဲ့ဖြင့် ဘုကြည့်ကြည့်နေတော့၏။
Jiminကိုကြည့်လိုက်တော့လဲ မျက်နှာလွဲထား၏။အဓိကက အန်တီနဲ့ဦးလေးယုံဖို့ပဲ ကျန်တာကတော့ နောက်ပြဿနာနောက်ရှင်းပေါ့။
'ဒီလိုဆိုတော့လဲ သားအဖေစိတ်ဆိုးမပြေမချင်း ဒီမှာပဲနေလိုက်ပေါ့ ဟုတ်ပြီလား'
'ဟုတ်ကဲ့အန်တီ ကျေးဇူးပါ'
'မလိုပါဘူးကွယ် ကဲကဲ Jiminသားလေး Jungkookနဲ့တစ်ခန်းတူတူနေလိုက်ကြနော် သားတို့ကအရမ်းရင်းနှီးတယ်မလား'
'ဟုတ်'
'မရပါဘူး!!'
အသံနှစ်ခုဟာ ပြိုင်တူထွက်ပေါ်လာ၏။
'ဘာလို့မရတာလဲသား'
'အဲဒါက…ဟို…ဘာလို့လဲဆိုတော့…'
'ဒါဆိုသားပြော…Jungkookလေးကို Taehyungနဲ့တူတူပေးနေရမှာလား သူတို့နှစ်ယောက်မတည့်တာသားလဲသိသားနဲ့'
စားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့ ဖေဖေကတော့ဘာမှဝင်မပြောရှာ။မေမေနဲ့Jungkookကတစ်ဖက်မှာထိုင်နေကြတာကြောင့် Jungkookနဲ့မျက်လုံးချင်းမဆုံမိအောင် ရှောင်နေရ၏။

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook