Part-18

3.4K 325 5
                                    

ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာအပြည့်အဝမပေးနိုင်တဲ့မိသားစုမှာ မွေးဖွားလာတော့ အချစ်ဆိုတာဘာမှန်းမသိသလို ဘယ်လိုအရာကိုအချစ်လို့သတ်မှတ်မှန်းလဲမသိခဲ့။

သုံးမကုန်နိုင် ဖြုန်းမကုန်နိုင်စည်းစိမ်းတွေကိုလက်ထဲထည့်ပေးကာ ချစ်ခြင်းမေတ္တာကိုတော့ သူတို့ပေးဖို့မေ့နေလောက်တယ်ထင်ပါရဲ့။

အဖေရောအမေပါ အပြိုင်အဆိုင်စီးပွားရေးတစ်ခုထဲကို အာရုံစိုက်ခဲ့ပြီ ကျွန်တော့်ကိုတော့ အိမ်အကူဒေါ်ကြီးလက်ထဲသို့ အပ်နှံခဲ့ကြသည်။ညအိပ်ယာဝင်တိုင်း ပုံပြင်စာအုပ်လေးကိုင်ကာ အဖေနဲ့အမေရှိရာအခန်းသို့ထွက်လာခဲ့ပေမဲ့ Laptopပေါ်မှာပြေးလွှာနေတဲ့သူတို့၏လက်များကတော့ ရပ်တန့်မသွား၊ နောက်ဆုံးကုတင်ပေါ်မှာခွေခွေလေးအိပ်ပျော်သွားကာ အဒေါ်ကြီးကပဲအခန်းထဲသို့ပြန်ရွေ့ပေးရသည်။

မိသားစုထမင်းဝိုင်းဆိုတာဘာမှန်းမသိခဲ့သလို မိသားစုဆိုတာဘယ်လိုအရာကိုခေါ်မှန်းမသိခဲ့။ကျောင်းပို့၊ ကျောင်းကြိုကို ခြံစောင့်ဦးလေးကြီးကတာဝန်ယူထားပြီး ကျွန်တော့်ရဲ့အရာရာကိုတော့ အဒေါ်ကြီးကတာဝန်ယူလို့ထား၏။

တစ်ပတ်တစ်ခါလက်ထဲသို့ရောက်ရှိလာသော မုန့်ဖိုးမှာလဲ ပမာဏများ၏။ထို့သို့စည်းစိမ်တွေကြား မပျက်စီးပဲ လူကောင်းတစ်ယောက်ဖြစ်အောင်ရပ်တည်နိုင်ပေမဲ့ မေတ္တာငတ်ခဲ့တဲ့ကလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတွေကိုတော့ ကိုယ်ကလွဲ၍မည်သူမှသိမယ်မထင်။

ဒီစိတ်ဒဏ်ရာတွေကြောင့် ချစ်ခြင်းမေတ္တာကိုအယုံကြည်မရှိသလို ဘယ်လိုအရာကချစ်ခြင်းမေတ္တာလဲဆိုတာကိုယ်မသိဘူးJimin။

အချစ်ဆိုတာ ကိုယ့်ရဲ့ရုပ်ရည်ကြောင့်ပြိုလဲသွားတဲ့သူတွေကိုဆိုလိုတာလား၊ ကိုယ့်ရဲ့စည်းစိမ်ကြောင့် ကိုယ့်ကိုလိုချင်တပ်မက်နေကြတဲ့သူတွေကိုဆိုလိုတာလား…?

အချစ်ကဘာလဲတော့ကိုယ်မသိပေမဲ့ ကိုယ် မင်းနားမှာပဲအမြဲနေချင်မိတယ်၊ အခြားသူတွေမင်းကိုစိတ်နဲ့မပြောနဲ့ မျက်လုံးလေးနဲ့ကြည့်တာတောင်ကိုယ်မကြိုက်ဘူး၊ ကိုယ်မဟုတ်တဲ့အခြားသူတွေနဲ့မင်းပျော်နေတာကိုလဲမမြင်ချင်ဘူး၊ မင်းနားမှာကိုယ်ကလွဲပြီးဘယ်သူ့ကိုမှမရှိစေချင်တာ…ဒါဟာအချစ်လား Jimin။

Hyung is Mine (Completed)Where stories live. Discover now