Part-39

4.7K 370 9
                                        

အမေရိက'က'နေ ပြန်လာကတည်းက မောင်တို့မတည့်ကြတော့ပါ။အဆင်ပြေအောင် ဆွဲရေးပေးချင်ပေမဲ့ မာနကိုယ်ဆီဖြင့် နှစ်ယောက်လုံးဟာ သွေးအေးမြဲ။

အဆင်မပြေတဲ့ရက်တွေကို ကျော်ပစ်လို့ရရင် ကျော်ပစ်ချင်ပါတယ်။တစ်ခုခုအဆင်မပြေလိုက်ရင် နောက်ထပ်ဆက်တိုက်အဆင်မပြေမည့်ကိစ္စတွေဟာ ဆက်ဖြစ်လို့လာတော့မှာ၊ ကံကြမ္မာက ထိုအချိန်၏ အခွင့်ကောင်းကိုစောင့်နေပုံရပါသည်။မောင်နဲ့ဆိုင်သူလေးထံ တိုက်ခတ်လာသော မုန်တိုင်းသည် အားပြင်းခဲ့၏။

'Shopping mallမှာစာရင်းစစ်စရာတွေရှိတယ် ဖိုင်တွေမကျန်ခဲ့စေနဲ့'

'ဟုတ်ကဲ့CEO'

ဒီလောက်ပဲ တစ်ကယ်ကိုဒီလောက်ပဲ။
တစ်ကယ်ပဲ မောင်တို့နေနိုင်သွားကြတာလား…။

--------------------

(ဟွာရန်း နင်ပြန်သွားပြီဆို)

'အေးလေ'

(ကောင်မစုတ် ငါတို့ကိုတောင်ပြောမသွားဘူး)

'စာရေးထားခဲ့တယ်လေ'

(အဲစာလေးတစ်ကြောင်းနဲ့ဘာလုပ်ရမှာလဲ နှုတ်ဆက်လက်ဆောင်လေးတွေ ဘာလေးတွေ ပေးလိုက်ချင်တာပေါ့)

'အပိုတွေလုပ်မနေနဲ့ နင်တို့ပဲငါ့ကိုပြန်စေချင်နေတာလေ ငါမသိဘူးထင်နေလား'

(ငါ့အိမ်မှာတစ်လလုံးနေလာပြီး ခုမှလူကိုခင်မို့မို့အေးဇာတ်သွင်းမနေနဲ့ ကောင်မစုတ်)

'ဒါပဲ ငါဖုန်းချတော့မယ်'

(နေပါအုံး ငါမေးပါရစေအုံး)

'ဘာလဲမြန်မြန်မေး'

(နင်အခု Seoulကိုရောက်ပြီလား)

'ဒီချိန်မှတော့ ရောက်ပြီပေါ့ Jeonအတွက်ဘာလက်ဆောင်မှ မပါခဲ့လို့ ကုန်တိုက်မှာ လက်ဆောင်ဝင်ဝယ်နေတာ ကဲကျေနပ်ပြီလား'

(ဟဲဟဲ ဒါဆိုလဲမနှောင့်ယှက်‌တော့ဘူး သာယာတဲ့အချိန်လေးပိုင်ဆိုင်နိုင်ပါစေနော်)

'ကျေးဇူးတင်မနေဘူး'

ဖုန်းချလိုက်ပြီး မျက်စိကျနေတဲ့ အင်္ကျီလေးကို Jeonအတွက် ယူလိုက်သည်။ဘယ်ဝတ်စားဖြစ်ဖြစ် Jeonခန္ဓာကိုယ်ပေါ်ရောက်သွားရင် မလိုက်ဖက်တာမရှိ။

Hyung is Mine (Completed)Where stories live. Discover now