Part-42 (Why don't we)

5.5K 384 33
                                        

ကိုယ်ဖမ်းဆုပ်ထားမိတဲ့အရာက
ကိုယ့်ရဲ့ရင်သန်မှုကိုပါ ထိခိုက်လောက်တဲ့အထိ နာကျင်နေပြီဆိုလို့ကတော့…
ခွင့်လွှတ်စရာရှိတာ ခွင့်လွှတ်ပြီး
စွန့်လွှတ်စရာရှိတာ စွန့်လွှတ်ဖို့အတွက်
လွှတ်ချလိုက်တာဟာ အကောင်းဆုံးပါပဲ…။

"Hyung is Mine"

-----------------------

'လွှတ် ကျွန်တော်ကိုလွှတ်'

'လူနာစိတ်ထိန်းပါ'

'Jungkookစိတ်ထိန်းလေကွာ'

'လွှတ်ကြစမ်းပါဗျာ… သူကျွန်တော်ကိုစိတ်ဆိုးနေတယ် သွားချော့ရမယ် ခင်ဗျားတို့ဖယ်ကြစမ်းပါ'

လူနာဝတ်စုံလေးနဲ့ ကောင်လေးဟာ ဆက်တိုက်ကျဆင်းနေသော မျက်ရည်များကြားမှ ရုန်းကန်အော်ဟစ်နေ၏။‌အစာမစားပဲ ဆေးလိပ်‌တစ်ခုထဲသာ စွဲသောက်ခဲ့ခြင်းတွေသည် ဒီလူသားလေးအား ထိချေပြီ။အာဟာရချို့တည့်ခြင်းကြောင့် မူးလဲသွားသော ခန္ဓာကိုယ်လေးကိုမကာ ဆေးရုံတင်ခဲ့ရသည်။

သတိရရချင်း Jiminကိုသာမေးနေခဲ့တာကြောင့် အကြိုးအကြောင်းအားလုံးရှင်းပြလိုက်တော့ အခြေနေသည် ထိန်းမရဖြစ်သွားခဲ့သည်။ဆလိုင်းသွင်းထားသည့် အပ်ကိုဆွဲဖြုတ်ကာ ဒယ်ဂူးကိုသွားမည်လုပ်နေတာကြောင့် သူနာပြုမလေးများအပါအဝင် ဒေါက်တာရော Namjoonပါ ဝိုင်းချုပ်ထားရ၏။

'hyung မတားပါနဲ့ဗျာ ကျွန်တော်သွားပါရစေ'

'စိတ်ထိန်းပါJungkookရာ မင်းခုလိုတွေလုပ်နေတော့ hyungလဲရူးချင်လာပြီ'

'သူ…သူကျွန်တော်ကို စိတ်ကောက်နေတာhyungရဲ့ ချော့လိုက်ရင် အရင်လိုကျွန်တော်ဆီပဲပြန်လာမှာ'

'အင်း သိတယ် hyungသိပါတယ်ကွာ မင်းဒီပုံစံနဲ့Jiminဆီသွားလို့မဖြစ်ဘူးလေ hyungပြောတာနားလည်လား'

Jungkookသည် ကိုယ်ကိုယ်ကိုပြန်ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်၊ သူသွားတွေ့ရင် Jiminနောက်တစ်နေရာကို ထွက်ပြေးလိမ့်မည်ဆိုတာကိုတော့ ပြောမပြဖြစ်တော့၊

ထိုသို့ဖြောင်းဖျလိုက်တော့ Jungkookသည် အရင်လို တဇွတ်ထိုးထွက်ပြေးဖို့တွေမလုပ်တော့၊ အစာလဲပုံမှန်စားကာ အိပ်ချိန်တွေလဲ မှန်ခဲ့၏။ဆေးလိပ်လဲ မသောက်ဖြစ်တော့သလို စကားလဲမပြောတော့၊ဆေးရုံးပြတင်းပေါက်နားထိုင်ကာ အပြင်ကိုငေးကြည့်နေရင်း နေ့ရက်တိုင်းကို တိတ်ဆိတ်စွာဖြတ်သန်းနေ၏။

Hyung is Mine (Completed)Where stories live. Discover now