Part-28

4.8K 341 7
                                        

'ဥက္ကဌ Min Yoongi ရောက်နေပါတယ်'

'ဝင်ခဲ့ခိုင်းလိုက်'

အတွင်ရေးမှူးမလေး ဖုန်းမချရသေးခင် Min Yoongi သည် မစောင့်နိုင်တော့ပဲ ဝင်သွားခဲ့တော့သည်။

တံခါးကို ခြေထောက်ဖြင့်ကန်ဖွင့်သော သားလုပ်သူကို ဥက္ကဌလဲမနိုင်တော့။

'ဒါရုံးခန်း လေးစားသမှုရှိစမ်း'

'ဒယ်ဒီကျွန်တော်ကို ဘာဖြစ်စေချင်နေတာလဲ'

'ဘာကိုဆိုလိုတာလဲ'

'မသိချင်ယောင်ဆောင်မနေစမ်းပါနဲ့ ဒယ်ဒီရာ'

'ငါ့မှာအချိန်မရှိဘူး ပြောစရာရှိရင် လိုရင်းတိုရှင်းပြော'

'ဒါဆိုလဲ ကောင်းပြီလေ ကျွန်တော်Seoulကိုပြန်ချင်တယ် လေယာဉ်လက်မှတ်စီစဉ်ပေး'

'ပြန်လေ မင်းကိုဘယ်သူကတားနေလို့လဲ'

'ဒယ်ဒီ!!!'

ဒေါသကြောင့်မျက်နှာသည်ရဲကနဲ့၊ လည်ပင်းရိုးများထောင်လာကာ အသက်ရှူသံများဟာလဲ ပြင်းလှ၏။

ဒယ်ဒီဒါသက်သက်အနိုင်ကျင့်တာ၊

Cardတွေအားလုံးကိုလဲ ဖြတ်ထားပြီး၊ ဖုန်းကိုလဲသိမ်ထားသေးသည်။ကုမ္ပဏီတစ်ခုကို ဦးဆောင်နေတဲ့ လူတစ်ယောက်က ဖုန်းနဲ့cardတွေအသိမ်းခံထားရတယ်ဆိုတာ ကြားလို့မှမကောင်း။

ဘယ်ကနေဘယ်လိုခြေရာခံမိသွားလဲမသိ "မင်းမာမီအသက်မှီချင်ရင် ခုချက်ချင်းပြန်လာခဲ့ "ဆိုသည့်စာသည် ဖုန်းထဲ တောက်လျှောက်ဝင်လာခဲ့၏။အစက တစ်ယောက်ယောက်နောက်နေတယ်လို့ထင်ခဲ့ပြီး ထိုဖုန်းနံပါတ်ကို ဆက်ကြည့်တဲ့အခါ ဒယ်ဒီဖုန်းဖြစ်နေမှန်းသိလိုက်ရတော့သည်။

ဒယ်ဒီပြောသမျှ ယုံမိပြီး ပြန်လာလိုက်တာ ပြန်လမ်းမရှိတဲ့အနေထားတစ်ခုထိရောက်သွားခဲ့ရတယ်၊ ဒါ့အပြင် ဒယ်ဒီနားဆီပေါက်ကြားနေသော သတင်းက အခြေနေကို ပို၍ဆိုးစေ၏။

Seoulမှာကောင်လေးတစ်ယောက်နှင့်တွဲနေတယ်ဆိုတဲ့ သတင်းကြောင့် ဒယ်ဒီက ဘယ်မှပေးမထွက်သည့်အပြင် အနားမှာလဲ သက်တော်စောင့်တွေကို အမြဲစောင့်ကြည့်ခိုင်ထားသေး၏။

Hyung is Mine (Completed)Where stories live. Discover now