Part-6

6.8K 477 16
                                        

ဟွာရန်းကဘာလို့ကားကို ဒီလိုအမှောင်ကျတဲ့ဘက်မှာရပ်ထားတာလဲ…?နောက်ပြီး ငါ့ဆီလာတုန်းက အထုတ်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့လေ။ကားဆီသွားတော့မှ မနိုင်ဘူးတဲ့လား။ဒါသွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူး သို့ပေမဲ့ မိန်းကလေးတစ်ယောက်နဲ့ပြိုင်မငြင်းချင်တာမို့ ကားရှိရာကိုသာ ရှေ့ရှူလိုက်တော့ သည်။

'ကားဆီလဲရောက်လာပြီဆိုတော့ သွားလိုက်ပါအုံးမယ်'

'နေပါဦးJeon  ဟိုလေ ဟွာရဲ့ကားသော့က အိတ်ထောင်ထဲမှာမို့ အဲတာယူပေးလို့ရမလားဟင်'

အထုတ်တွေချပြီး သော့နှိုက်ရင် ရနေတာပဲကို သူကဘာဖြစ်ချင်နေတာလဲ!?ငါ့ဆီတကူးတက လာတုန်းက အဲအထုတ်တွေချပြီး လေကြောရှည်နေပြီးတော့ ခုကျမှဘာထဖြစ်နေတာလဲ။မိန်းမတွေများတတ်လဲ တတ်နိုင်လွန်းတယ်။

'ဟိုလေ ဟွာရဲ့ဒီပစ္စည်းတွေက ကွဲလွယ်တာမို့ အဲတာ အောက်ချလို့မဖြစ်လို့ပါ ကူညီပါနော်Jeon'

'အင်း'

ဒီနှစ်အကယ်ဒမီကတော့ ဟွာရန်းရမှာသေချာတယ်။ကူညီလက်စနဲ့မထူးပါဘူးဆိုပြီး ကူညီလိုက်ပြန်ပါတယ်။ဟွာရန်းက Minnyလေးထက်ပုတော့ ခါးကိုင်ပြီး သူ့အိတ်ကပ်လို့နှိုက်ကာ ကားသော့ရှာရပြန်ပါသည်။သူများတွေမြင်ရင်တော့ ဒီအနေထားကြီးကဖက်နေတယ်ထင်မှာ အမှန်ပင်။

အိတ်ထောင်ထဲမှာကလစ်တွေရော ခေါင်းစည်းကြိုးတွေရော ရှုပ်ယှက်တွေကိုခတ်နေတာပဲ။ခဏအကြာ ကားသော့တွေ့ပါပြီ။မှောင်မှောင်မဲမဲလမ်းကြားထဲမှာ မိန်းကလေးနဲ့ယောင်္ကျားလေးနှစ်ယောက်ထဲမို့ အများအမြင်မှာတစ်မျိုးထင်မှာဆိုးတာကြောင့် ကားသော့ကိုနှိပ်ကာ ကားမီးအရင်ဖွင့်လိုက်သည်။

ခါးကိုင်ထားရမှ ပြန်မတ်မည်အလုပ်…!ဟွာရန်းကရုတ်တရက် အထုတ်တွေလွှတ်ချပြီး ခါးကိုလာဖက်လေတော့သည်။ဘယ်မိန်းကလေးနဲ့မှ ခုလိုမျိုးနီးနီးကပ်ကပ်တစ်ခါမှမနေဘူးတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ခေတ္တခဏတော့ ကြောင်သွားမိ၏။

ခါးပေါ်ဖက်ထားတဲ့ဟွာရန်းရဲ့ လက်တွေကိုဖယ်မချမိ ခါးကိုလဲပြန်မမတ်မိ။ထိုချိန် ကျောနောက်ဘက်ဆီမှ ခေါ်သံလေးကြားမှ လူကအသိစိတ်ပြန်ကပ်ပြီး ဖက်ထားတဲ့သူမကို ဆွဲခွါကာ နောက်ကျောဘက်ဆီက လူသားလေးထံအပြေးသွားရပြန်ပါသည်။

Hyung is Mine (Completed)Where stories live. Discover now