'Jimin ah! အဆင်သင့်ဖြစ်ရင်ထွက်ခဲ့တော့ ဟိုလူကြီးအောက်မှာရောက်နေပြီ'
'အော် လာပြီး'
ဆက်သွယ်မရတဲ့ ဖုန်းနံပါတ်လေးကို မနှိပ်တော့ပဲ သက်ပြင်းတစ်ချက်ချကာ Luggageလေးဆွဲပြီးအခန်းထဲမှ ထွက်လာလိုက်တော့သည်။
ကျောင်းပိတ်တာ 2ပတ်ပြည့်ခဲ့ပြီ…။
အဆောင်မှာဝိုင်းဖွဲ့သောက်ပြီး နောက်နေ့မနက် Jungkookအိမ်က ကားလာခေါ်လို့ လိုက်သွားလိုက်တာ ဒီနေ့ဒီချိန်ထိ ဘာဆက်သွယ်မှမရ။ဖုန်းဆက်တော့လဲ ဆက်ပိတ်ထားပါသည်တဲ့ အရင်ကတူတူသွားခဲ့ဖူးတဲ့ နေရာတွေကို သွားကြည့်တော့လဲမရှိ။
Namjoon hyungကိုဖုန်းဆက်ပြီး မေးကြည့်ဖို့ကျတော့လဲ တစ်ခါပဲတွေ့ဖူးတာမို့ hyungရဲ့ဖုန်းနံပါတ်ကရှိမနေ။
တစ်ရက်ပြီးတစ်ရက်သာ အချိန်တွေကုန်သွားလိုက်တာ အဖြောင့်ကောင်ကြီးက စာမလာအကြောင်းမကြားနဲ့ ပျောက်သွားတော့လဲ ချက်ချင်းကြီး။
အားလုံးက Jungkookပျောက်သွားပြီဆိုတာနဲ့ ဒီကPark Jiminကိုပဲ လာလာမေးကြတာ။သူဘယ်မှာလဲ သိနေလို့ကတော့ Park Jiminမျက်နှာက ခုလိုမျိုး ပုပ်သိုးနေမှာမဟုတ်ဘူးဆိုတာတော့ သူတို့သိအောင် ရှင်းမပြဖြစ်တော့။
'သူ့အိမ်လိုက်သွားကြည့်ရင်ရော…'ဆိုတဲ့ စီနီယာဂျင်ဝူ အကြံကိုသက်ပြင်းတစ်ချက်သာချပြီး ခေါင်းခါမိသား။Jungkookအိမ်ကို လိုက်သွားဖို့နေနေသာသာ သူ့မိဘတွေကအပေါင်းသင်းလုပ်တာမကြိုက်လို့ Jungkookကသူ့အိမ်ကို ဘယ်တော့မှအလည်မခေါ်သလို သူ့မိဘတွေနဲ့ပတ်သတ်ပြီး ဘာတစ်ခွန်းမှ အပြောမခံ။
နေနိုင်သူကြီးကတော့ 2ပတ်တိတိပုန်းလို့ ရှောင်လို့ကောင်းတုန်း အရိပ်ပင်မမြင်ရ။
ခရီးသွားဖို့ကိစ္စတိုင်ပင်တော့လဲ ရောက်မလာ၊ ခရီးအတွက်လိုအပ်တဲ့ ပစ္စည်းတွေ စုဝယ်ကြတော့လဲ သူမပါ…။ခရီသွားမဲ့အချိန်…ဒီနေ့ထိကို အဖြောင့်ကောင်ကြီးဆီက ဘာသတင်းမှမကြားရ…။ဒီပုံစံတိုင်းဆို 'သူ'မပါပဲ တစ်ယောက်ထဲ ခရီထွက်ရအုံးမယ် ထင်ပါရဲ့…။
'Sorry ကိုယ်နောက်ကျသွားတယ်'
'လိပ်လိုမောင်းလာနေတာမလား…ကားထွက်သွားပြီး ကျွန်တော်တို့သုံးယောက်ပဲ ကျန်ခဲ့လို့ကတော့ ခင်ဗျားသေပြီးသာမှတ်'

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook