အလုပ်များတာကို အကြောင်းပြပြီး လူကိုသက်သက် ပလစ်နေတာ၊ ခုလဲပဲကြည့် လိုက်ချင်ပါတယ်လို့ပြောနေတာတောင် အတင်းအိမ်မှာပဲနေခိုင်းတဲ့သူ၊ ဘာဇယားတွေရှုပ်ထားလို့ လူကိုအိမ်မှာပဲနေခိုင်းရတာလဲ၊ လူကြီးသည် ခုရက်ပိုင်း သိပ်မယုံရပါ။
ထားရာနေ စေရာသွားရအောင် Kim Taehyung သည်အချဉ်မဟုတ်၊ အိမ်မှာနေခဲ့မည့်ဟု လိမ္မာချင်ယောင်ဆောင်ကာ အနောက်ကနေ တိတ်တိတ်လေးလိုက်သွားလိုက်သည်။
ထင်တဲ့အတိုင်း လူကြီးသည် ယောင်္ကျားတစ်ယောက်၏ ပုခုံးနှစ်ဖက်ကိုကိုင်ကာ အုပ်ထားသော maskကိုချွတ်ပေးနေသည်မှာ နုနုရွရွ။ဒါမျိုး Kim Taehyung ကိုလာလုပ်လို့မရဘူး။
'Min Yoongi!!!'
'ခင်ဗျား ဒါမျိုးတွေလုပ်ချင်လို့ ကျုပ်ကိုအိမ်မှာပဲနေခဲ့ခိုင်းတာမလား ဟမ်!'
'ကြောင်သူတော်ကြွက်သူခိုး'
'ဒီနေ့ ခင်ဗျားရော ခင်ဗျားအကောင်ပါ ကျုပ်အသေသတ်ပြမယ်'
လူကြီးရဲ့ ကျောပြင်နဲ့ ကွယ်နေသဖြင့် ထိုကောင်လေးဟာဘယ်သူမှန်းမသိရသေးပါ။လက်ညိုးငေါက်ငေါက်ထိုးကာ ဒေါနဲ့မောနဲ့ လျှောက်သွားချိန် လူကြီးသည် ထယ်ရှိရာဘက်သို့လှည့်လာလိုက်တော့ ကွယ်နေတဲ့လူသားရဲ့မျက်နှာလေးဟာ ထင်းကနဲ့…။
'Ji…Jimin! Jimin ah……'
'အော် Taehyung ah'
လူကြီးကဖောက်ပြန်နေခဲ့တာမဟုတ်ဘူးပဲ…။
နည်းနည်းအထင်လွဲသွားခဲ့တာပဲ။Jiminကိုမြင်လိုက်သည်နှင့် ရန်လုပ်ထားတာ သူမဟုတ်တော့သည့်အတိုင်း နောက်လူတစ်ယောက်အစားဝင်လာသည့်အတိုင်း ခုနကဒေါသထွက်နေတဲ့ Kim Taehyung ဘယ်ရောက်သွားလဲဟုသာ မေးလိုက်ချင်ပါသည်။
Jiminဆီသို့ လက်နှစ်ဖက်ဆန့်တန်းကာ ပြေးဖက်မည်အလုပ် အနားသို့ရောက်သောအခါ သုံးဘဝဆက်တိုက်လောက်က ရန်သူကြီးသည် နှဖူးပေါ်သို့ လက်ဖြင့်ကာကာ Jiminကိုမဖက်ခိုင်းခဲ့ပါ။
'Yarr Jeon Jungkook ငါ့ကိုလွှတ်စမ်း ငါJiminကိုဖက်မလို့'
'ဖယ်စမ်း Jeon Jungkook မင်း! မင်းသေချင်နေတာလား ဒီလက်ကြီးဖယ်စမ်း'

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook