'hyungဘယ်သွားမလို့လဲ'
'မင်းဘယ်လိုရောက်လာတာလဲ အတန်းလစ်လာတာလား'
'တစ်ခါတစ်လေလေးပဲ အေးဆေးပါ'
မင်းသားရှုံးအောင် ပြင်ဆင်ထားတဲ့ Namjoon hyungက ခုရက်ပိုင်းမသင်္ကာစရာကောင်းလှသည်။
အရင်ကဆို အလုပ်နဲ့ကုမ္ပဏီ၊ ကုမ္ပဏီနဲ့အလုပ်ဆိုတဲ့ လူကြီးက ခုတော့ ရုံးခန်းမှာ ကြာကြာမထိုင်တော့။hyungခြေလှမ်းတွေ ရှုပ်နေတာများလား?မဟုတ်သေးပါဘူး hyungက အဲလိုလုပ်မဲ့လူစားမျိုးမှမဟုတ်တာ။
'ဘာကိစ္စရှိလို့လဲ မြန်မြန်ပြော ငါသွားစရာရှိသေးတယ် အချိန်မရဘူး'
'အော် Jungkookဘဝလေးများ သနားစရာပါလား ဟိုလူ့ဆီသွားလဲ အချိန်မရဘူးပြောခံရ ဒီလူ့ဆီလာပြန်တော့လဲ အချိန်မရှိဘူးတဲ့ ဒီပုံစံတိုင်းဆို တောထဲသွားပြီး တိရစ္ဆာန်တွေနဲ့ပဲစကားပြောရတော့မယ်နဲ့တူပါတယ်'
ဆိုဖာပေါ်တွင် ပျင်းရိစွာထိုင်ချလိုက်ပြီး ညည်းညူနေသော ညီဖြစ်သူကို Joonလဲ ဘာပြောရမှန်းမသိ ခေါင်းသာခါရမ်းလိုက်ပြီး တစ်ဖက်ရှိ ဆိုဖာသို့ ဝင်ထိုင်လိုက်သည်။
'စာမေးပွဲနီးပြီမလား စာသေချာလုပ်ရဲ့လား'
'စာကိုသေချာလုပ်ချင်ပေမဲ့ စာကJungkookကို မလုပ်ချင်ဘူးတဲ့'
'ဒီကောင်လေး အစ်ကိုကိုလာနောက်နေတယ်'
Joonရီလိုက်တော့ Jungkookက မျက်လုံးများမှေးစင်းကာ ကြည့်လိုက်ပြီး...
'hyungဘယ်သွားမလို့ ဒီလောက်မှုန်နေအောင်ပြင်ဆင်ထားတာလဲ'
'ဒါလား ဒေါက်တာဆီသွားမလို့လေ'
'အော်'
'ပန်းစည်းသွားပေးမလို့'
'အော်'
'hyungဒေါက်တာကို ဖွင့်ပြောလိုက်ပြီ'
'အော်... ဟမ်!!! ဘာ ဘာကြီး!!'
'hyung ဒေါက်တာကို ချစ်ခွင့်ပန်လိုက်ပြီ'
'အိုဟို Namjoon hyungမထင်ရဘူးနော် ဒေါက်တာကဘာတဲ့လဲ လက်ခံတယ်တဲ့လား'
'သူစဉ်းစားအုံးမယ်တဲ့'
Namjoonရဲ့ စကားကိုတွေးစစဖြင့် နားထောင်နေခဲ့ပြီး အကြံတစ်ခုရသွားကာ နှုတ်ခမ်းတစ်စုံကော့ညွှတ်သွားတော့သည်။

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook