'နိုးလာပြီလား Jimin ssi'
'ကျွတ်ကျွတ် ခေါင်းကိုက်လိုက်တာ ဘယ်အချိန်ရှိသွားပြီလဲ'
'10နာရီထိုးပြီ'
'ဟင်! ရုံးနောက်ကျနေပြီ'
'ဒီနေ့တစ်ရက်နားလိုက်တော့'
'မဟုတ်ဘူး အလုပ်တွေအမြန်လက်စသတ်မှဖြစ်မယ်'
'ဘာလို့လဲ ကိုယ့်ဆီကနေ ထပ်ရှောင်ပြေးချင်လို့လား'
စောင်ကိုဆွဲလှန်ကာ ကုတင်ကနေဆင်းတော့မည့် Jiminလှုပ်ရှားမှုများ ရပ်တန့်သွားရ၏။
'Jimin ssiကိုယ်ကိုမေးစရာမရှိဘူးလား'
'ဟင့်အင်'
'ပြောစရာရော မရှိဘူးလား'
'ဟင့်အင်'
'ဟွာရန်းနဲ့ကိုယ်…ဟူး ထားလိုက်တော့ ကိုယ်ရုံးသွားလိုက်အုံးမယ် ဆေးနဲ့စားစရာတချို့ပြင်ဆင်ပေးခဲ့တယ် ဒီနေ့တော့ အိမ်မှာနေပြီး ကောင်းကောင်းအနားယူလိုက်ပါ'
ထွက်ခွါသွားသူ၏ ကျောပြင်ကို ငေးကြည့်ရုံသာတတ်နိုင်ခဲ့၏။အခုဆို တိုက်ခန်းထဲ ဟွာရန်းနဲ့Jiminသာ ကျန်ရှိနေ၏။
စားပွဲတွင်ထားခဲ့ပေးသော ဆန်ပြုတ်နှင့် ဆေးကို
ငေါင်ငေါင်လေးကြည့်နေလိုက်သည်။ဒါမျိုးကတော့ မဟုတ်သေးဘူးလေ၊ စားစရာရှိတာစားပြီး သောက်စရာရှိတဲ့ဆေးကိုတော့ သောက်ရမှာပေါ့၊ နေကောင်းပျောက်မှ အလုပ်ပြန်လုပ်နိုင်မည့်မလား။ဗိုက်မဆာပေမဲ့ သူကိုယ်တိုင်ပြုတ်လာပေးသော ဆန်ပြုတ်ကိုတော့ ကုန်အောင်သောက်လိုက်သည်။ထို့နောက် ဆေးသောက်ကာ ခွေခွေလေး အိပ်နေလိုက်သည်။
ဘာမှမတွေးပဲအိပ်ပျော်သွားပေမဲ့ တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကြီးကြောင့် လန့်နိုးလာ၏။အိမ်မက်ထင်ပေမဲ့ အိမ်မက်မဟုတ်ခဲ့ပါ၊ ဟွာရန်းသည် ခုံပေါ်တွင်ထိုင်ကာ Jiminနိုးလာမည့်အချိန်ကို စောင့်နေခဲ့သည်။
'နိုးလာပြီလား'
'အင်း'
'စကားနည်းနည်းလောက် ပြောလို့ရတယ်မလား'
'Jungkookအကြောင်းလား'
'အင်း နင်ကကျောင်းတုန်းကအတိုင်း ဉာဏ်ကောင်းတုန်းပဲနော်'

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook