Part-5

6.6K 507 12
                                        

'ငါပြန်မလာဖြစ်ကြောင်းကို သေချာပြောပြလိုက်အုံးနော်'

'အေးပါ မင်းဒါကိုပဲထပ်ခါထပ်ခါပြောနေတာ ငါအလွတ်တောင်ရနေပြီ'

'ငါပြန်မလာလို့ အဖေနဲ့အမေစိတ်မကောင်းဖြစ်မှာဆိုးလို့ပါ'

'ဘာမှပူမနေနဲ့ မဟုတ်လဲမင်းနောက်အပတ်ပြန်လိုက်မှာမလား'

'အင်း ငါနောက်အပတ်ပြန်လိုက်မှာ'

'အဲဒါကိုဘာတွေဖြစ်နေတာ ငါသွားတော့မယ်'

'ကားကိုဂရုစိုက်မောင်းအုံး'

တစ်ပတ်မှာ၂ရက်လေး အိမ်ပြန်ရတာကို မပြန်ပဲ
မတော်ရသေးတဲ့လင်နားပဲကပ်နေတာလို့တော့အပြောမခံနိုင်ပါ။အဖေနဲ့အမေကဘာမှမပြောပေမဲ့ Taehyungတို့ကယုံရတာမဟုတ်ဘူး တော်ကြာကိုယ်တွေးထားတဲ့အတိုင်း ပြန်ပြောနေမှဖြင့်ဒုက္ခ။

ဒါကြောင့်လဲ အတန်းချိန်ပြီးကတည်းကတစ်ချိန်လုံး သူ့နားကပ်ပြီး ပြန်မလာဖြစ်ကြောင်းကိုအကျိုးသင့် အကြောင်းသင့် ဆီလျော်မှုရှိအောင်ပြောပေးဖို့ အပူကပ်ရတော့သည်။ကိုယ်‌တော်ချောကတော့အင်းမလုပ် အဲမလုပ်နဲ့။ခုလဲ ကားပါကင်ထိလိုက်ပို့ပြီးတဖွဖွပြောနေရခြင်း။

အိမ်ကိုပြန်ချင်ပေမဲ့လဲ Straightကြီးရဲ့ ဒီအပတ်အိမ်မပြန်ရဘူးဆိုတဲ့ အမိန့်ကိုတော့မလွန်ဆန်ရဲ။Park Jiminတို့များ ခုကတည်းကလင်ကြောက်နေရပါလားလို့ပြောရင်လဲ ခံယုံပဲရှိတော့တယ်။

'စိတ်မချဖြစ်နေရင် တစ်ခါတည်းလိုက်သွားပါလား'

'အမေရေ!!!!!'

ထွက်သွားတဲ့Taehyungကားလေးကိုကြည့်ပြီး အတွေးတွေနယ်ချဲ့နေတုန်း ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် လိပ်ပြာလွှင့်ချင်သွားတယ်။

'ကားပါကင်အထိတောင်မခွဲနိုင်မခွာနိုင်နဲ့ အတော်ဖြစ်နေကြတာ…လာပြန်မယ်!'

ပြောချင်ရာပြောပြီး လက်ကိုစောင့်ဆွဲသွားတဲ့ အဖြောင့်ကြီးကြောင့် ကိုယ့်မှာကြောင်တောင်တောင်နဲ့ရယ်။မဟုတ်မှလွဲရော သဝန်တိုနေတာများလား။

'ဒီ…ဒီနေ့ရောပြဇာတ်မတိုက်ရဘူးလား'

'အစောကြီးပြီးလို့ထွက်လာတာ'

Hyung is Mine (Completed)Where stories live. Discover now