'Mr.Kim မတွေ့တာကြာပြီနော်'
'ဟုတ်ပါ့ဗျာ ဒါနဲ့ဒီကိုအလည်သက်သက်ပဲလား'
'အလုပ်ကိစ္စနဲ့လမ်းကြုံဝင်လာတယ်ဆိုပါတော့'
'ဒါဆိုလဲအေးဆေးမှပြန်ဗျာ ရောက်တုန်းလေး ကောင်းကောင်းမွန်မွန်ဧည့်ခံပါရစေ'
'နေပါစေဗျာ ခင်ဗျားတို့ကိုဒုက္ခပေးသလိုဖြစ်နေပါအုံးမယ်'
'ဒီလိုလဲဘယ်ဟုတ်ပါ့မလဲ ကျွန်မတို့က မကြာခင် ခမည်းခမက်တွေဖြစ်တော့မယ် မဟုတ်လား'
ခေါ်ဖီခွက်လေးနဲ့မုန့်ဗန်းလေး ကိုင်လာတဲ့Mr.Minရဲ့ ဇနီးသည်စကားကို ခေါင်းငြိမ့်ရင်း ပြုံးပြမိ၏။
အမေရိကကို အလုပ်ကိစ္စနဲ့ထွက်လာလိုက်တာ ဒီနေ့နဲ့ဆို3ရက်ပြည့်ခဲ့ပြီ။Koreaမှာ တစ်ယောက်ထဲကျန်ခဲ့သော ဇနီးသည်ကို စိတ်မချတာကြောင့် ဒီနေ့ညနေ အမြန်ဆုံးပြန်ရန် ဆုံးဖြတ်လိုက်ပြီး မပြန်ခင် Mr.Min တို့ ဇနီးမောင်နှံထံ ဝင်လည်ခြင်းဖြစ်၏။
'ဒါနဲ့ Mr.Kimရဲ့သားတွေရော မပါဘူးလားရှင့်'
'ကလေးတွေလား သူတို့ကကျောင်းကစီနီယာတွေနဲ့ ခရီထွက်သွားလို့ ခေါ်မလာခဲ့တာပါဗျာ'
'ဒါဆိုအိမ်မှာ Mr.Kimရဲ့ဇနီးသည်တစ်ယောက်ထဲပေါ့'
'ဟုတ်ပါ့ဗျာ'
'တစ်ယောက်ထဲထားခဲ့လို့ရောဖြစ်ရဲ့လား အစ်မရဲ့ရောဂါအခြေနေနဲ့ တစ်ယောက်ထဲအဆင်ပြေပါ့မလား ကျွန်မဖြင့်စိတ်ပူလိုက်တာရှင်'
'ကျွန်တော်လဲ မဖြစ်မနေမို့သာလာရတာပါဗျာ အဲဒါကြောင့်လဲအလုပ်ကိစ္စတွေအမြန်ဖြတ်ပြီး ဒီညနေပဲပြန်မလို့ Mr.Minတို့ထံ လာနှုတ်ဆက်တာ'
'ဒီကကိစ္စတွေအရမ်းကြီးအရေးမကြီးရင် ကျွန်တော်တို့ဦးစီးပြီး လုပ်ထားပေးပါ့မယ် Mr.Kimကတော့ ဇနီးသည်နားမှာပဲနေပေါ့'
'Mr.Minတို့ကို ဘယ်လိုကျေးဇူးတင်လို့တင်ရမှန်းကိုမသိတော့ပါဘူးဗျာ ဒါနဲ့Mr.Minရဲ့သားကိုမမြင်မိဘူးနော်'
Mr.Kimတို့နဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခုကနေ စတင်သိလာခဲ့တာဖြစ်သည်။ရင်းနှီးမြှပ်နှံမှုစတင်ခဲ့သောအချိန်မှစ၍ စီးပွားရေးများလဲ အဆမတန်အောင်မြင်လာပြီး စီးပွားရေးလောကတွင် Mr.Kimနဲ့ Mr.Minဆို မသိသောသူများမရှိ။

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook