'Jimin ssi ကိုယ်နဲ့အတူတူ Marketလိုက်ခဲ့မလား'
'ခဏစောင့်ပေးလို့ရမလားJungkook ssi ကျွန်တော်အဝတ်စားလဲနေလို့'
'အာ…ရပါတယ် အဆင်မပြေရင် ကိုယ်ဝင်လာပြီ ကူလဲပေးရမလား'
'ဝင်…ဝင်လာလို့ဘယ်ဖြစ်မလဲ ဝင်မလာနဲ့နော်'
'တားမြစ်သံလေးက ကိုယ်ကိုဝင်လာဖို့ဆွဲဆောင်နေသလိုပဲ'
တံခါးကိုမှီကာ လိုက်စနေသော သူသည် မျက်နှာတွင်ပြုံးရိပ်များအပြည့်ဖြင့်။လက်ကလေးပိုက်ထားကာ ငြိမ်နေလိုက်ပြီး အထဲမှအသံကို နားစွင့်နေလိုက်သည်။ဝင်လာမှာဆိုးလို့ ကဗျာကယာလုပ်နေတာကြောင့် တစ်ခုခုနှင့်တိုက်မိသံတွေ ပြုတ်ကျသံတွေဟာ Jungkook ကိုအများကြီးပြုံးစေ၏။
'ပြီးပြီ သွားကြတော့မလား'
'အင်း သွားကြတာပေါ့'
အိမ်နေရင်း ပေါ့ပေါ့ပါးပါးလေးဝတ်ထားသော အနှီးလူသားလေးသည် လူငယ်တစ်ယောက်ထက်ပိုကာ ကြည့်ကောင်းနေ၏။ဘောင်းဘီတိုလေးဝတ်ထားတာကြောင့် ခြေတံရှည်ရှည်လေးတွေဟာ Park Jimin နဲ့လိုက်ဖက်လို့နေ၏။
'လိုချင်တာရှိရင်လဲယူနော် ကိုယ့်ကိုအားမနာနဲ့'
'အဲလိုလုပ်လို့ရလား'
'ရတာပေါ့'
'ဒါဆို ခေါက်ဆွဲခြောက်ထုတ်လေးတွေယူမယ်နော် ဆိုဂျူးလေးရောပဲ နောက်ပြီး ကင်မ်ချီလေးပါ နည်းနည်းထပ်ယူမယ်နော် ပြီးတော့…'
Marketထဲတွင် ကလေးထိန်းနေရသလို၊ လိုချင်တာလေးကို လက်ညိုးပိစိလေးထိုးကာ မမှီတမှီအရပ်ကလေးဖြင့် ခြေဖျားထောက်ထောက်ယူတာကြောင့် အဝတ်လွတ်သွားသော ခါးလေးကို Jeonမှာငေးကနဲ့။
'Jimin ssi ပါတီအသေးစားလေး လုပ်ကြရအောင်'
'ပါတီ'
'အင်း Jimin ssiကိုယ့်အိမ်ကို ရောက်လာတဲ့အမှတ်တရပေါ့'
'အင်း ကောင်တယ် ဆိုဂျူးလဲရှိတယ်ဆိုတော့ အပြန်ကျ ကြက်ကြော်ဝယ်သွားမယ်နော်'
'ကောင်းပါပြီဗျာ'
'ဟိုလေ Jungkook ssi'
တွန်းလှည်းလေးအား ကိုင်ထားရင်း Jiminပြောလာမည့်စကားတို့ကို စောင့်မျှော်နေသည်။

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook