'Cheer!!!'
ခွက်တွေကို ပေါ့ပါးစွာကိုင်မြှောက်ရင်း ပြီးဆုံးသွားခဲ့သော ကျောင်းသားတိုင်းရဲ့ရန်သူ စာမေးပွဲဆိုတာကြီးကို နှုတ်ဆက်လိုက်ကြသည်။
စာမေးပွဲပြီးပေမဲ့ အဆောင်ကမပြန်သေးပဲ အရက်ခိုးသောက်နေသော ကျောင်းသားတစ်စုသည် ဒီညလုံးဝခေါင်းထောင်နိုင်မည်မထင်။
'လာ လာနောက်တစ်ခွက်ထပ်သောက်ကြမယ်'
'စီနီယာဂျင်ဝူကြည့်ရတာ အတော်ပျော်နေတဲ့ပုံပဲ'
'ဒါပေါ့ ပျော်တာပေါ့ကွ ပျော်တာမှကွေးနေအောင် ထကချင်လောက်အောင်ကို ပျော်တာ'
'အဲလောက်ကြီးတောင်လား'
'ကဲကဲပေါက်စ စကားကိုလျော့ပြော အသောက်ကိုအရှိန်လေးပိုတင်လိုက်ရအောင်'
တစ်ဖြတ်ပဲပြီးသေးသည့်ကျောင်းကို ထာဝရနှုတ်ဆက်နေသလို။
အရက်လေးသောက်လိုက် အမှတ်တရများကို ပြန်ပြောလိုက်ဖြင့် ထိုနေ့ညကတော့ တစ်ကယ့်ကိုပျော်စရာ။
'Taehyung ahh အဲဒါကစပ်တယ် ဒါလေးစား ဒါလေးကမစပ်ဘူး'
တော့ပိုကီအစပ်ခွက်ကိုလက်လှမ်းနေတဲ့သူကို
တော့ပိုကီအချိုခွက်လေးကမ်းပေးရတော့သည်။Taehyungမှအစပ်မစားနိုင်ပဲ။
'အင်း သိတယ်လေ ငါအစပ်ကိုTryကြည့်မလို့'
'ဒါဆိုလဲနည်းနည်းပဲအရင်စားကြည့် တစ်ဝက်အရင်ဖဲ့စား'
'အမလေးပေါက်စရယ် Taehyungက ကလေးမဟုတ်တော့ပါဘူး'
ကဲသဲနေတဲ့ ညီအစ်ကိုနှစ်ယောက်ကို အမြင်ကပ်တာမို့ ဝင်ပြောလိုက်တော့ JKရဲ့မျက်စောင်းကဒိုင်းကနဲ့။ပေါက်စကိုထိတော့ ဆိုင်ရာပိုင်ရာကြီးက မကြိုက်ကြောင်းပြတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။
'ကလေးမဟုတ်လဲ ပြောရမယ် စီနီယာတို့မသိလို့ပါ Tae Taeကအစပ်စားပြီးရင် ဆေးရုံကိုအမြဲပြေးရတာ'
'အများကြီးစားလို့နေမှာပါကွာ'
'အများကြီးမစားလဲဆေးရုံပြေးရတာပဲ Tae Taeရဲ့ အစာအိမ်က အရမ်း sensitiveဖြစ်တယ်'
'ငါ့အထင်တော့ Taehyungရဲ့အစာအိမ် sensitiveဖြစ်တယ်ဆိုတာထက် ပေါက်စမင်းက Taehyungအပေါ် ပိုပြီး sensitiveဖြစ်တယ်ထင်တာပဲ'

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook