မနေ့ညက ဝရံတာဘက်ဖုန်းအကြာကြီးထွက်ပြော ပြီးပြီးချင်း ရေချိုးလိုက်တာကြောင့် အအေးပတ်သွားသည်ထင်ပါရဲ့။ဆောင်းရာသီလိုညမျိုးမှာ လက်ရှည်မဝတ်ပါပဲ အပြင်ဘက်အကြာကြီး ရပ်နေသည်မှာ မိုက်မဲမှုတစ်ခု။
မိုးလင်းကတည်းက ထိုးကိုက်နေတဲ့ခေါင်းကို ဖြုတ်ထားလို့ရရင် ဖြုတ်သာထားလိုက်ချင်သည်။ခေါင်းကိုက်ရုံလောက်လေးပဲမို့ ခေါင်းကိုက်ပျောက်ဆေးလောက်ကိုသာ သောက်ပြီး ကျောင်းဝန်းထဲသို့ အခြေချမိသည်။
စာမေးပွဲဖြေပြီးသွားချိန်မှာတော့ လူကအရမ်းကိုပင်ပန်းနွမ်းနယ်ကာ မလှုပ်ချင်၊ တစ်ကိုယ်လုံး ကိုင်ရိုတ်ထားသည့်အလား…။
အိပ်လိုက်ရင် သက်သာသွားမည်အထင်နှင့် အိပ်နေမိတော့သည်။
ဘယ်အချိန်ထိ အိပ်နေမိမှန်းမသိ မျက်နှာကြောတင်းလေးပြန်ရောက်လာတော့ တံခါးဖွင့်သံသာကြားပြီး လူကလုံးဝကို မလှုပ်နိုင်။တစ်ကိုယ်လုံးလဲ ပူနေပြီး မျက်လုံးတွေပြာချင်သလိုလို….။
ခုရက်ပိုင်း မျက်နှာကြောတင်လေးအိပ်မှပဲ လုပ်စရာရှိတာတွေ လုပ်ရတာမို့ အိပ်ချိန်မမှန်ပဲ ကျန်းမာရေးကိုထိသွားတာထင်ပါရဲ့။
ခန္ဓာကိုယ်ကသာပူနေပြီး လူကအရမ်းချမ်းနေတာမို့ ထုတ်ညည်းမိသည့်အထိ၊ ဖြစ်နိုင်ရင် မျက်နှာကြောတင်းလေးကို အကူညီတောင်းချင်ပေမဲ့ လတ်တ လောမှာ စကားပြောဖို့ရာအားရှိမနေ။
နှာခေါင်းဝက ထုတ်လွှတ်လိုက်တဲ့လေကအစ ပူနေတာမို့ အသိစိတ်လွတ်ထွက်မသွားအောင် သတိထားနေချိန် အကြောတင်းလေးက ရေဇလုံးလေးနဲ့ တဘတ်လေးကိုင်ကာ ရေဘတ်တိုက်ပေးနေသည်ကိုခံစားမိတော့ တစ်ကယ်လား အဖျားကြီးပြီး ထင်ယောင်ထင်မှားဖြစ်တာလားဆိုတာ မဝေခွဲနိုင်။
ရေဘတ်တိုက်ပြီးမှာတော့ လူကအတော်လေးလန်းလာတာမို့ မျက်လုံးကိုအသာဖွင့်ပြီး အကြောတင်းလေးတိုက်တဲ့ဆေးကိုသောက်ရတော့သည်။
ထင်မှတ်မထားတာက အကြိုက်ဆုံးအစားအစာဖြစ်တဲ့ ကိတ်လေးကိုကိုယ့်အတွက်ကျွေးခြင်း…။
မှတ်မိပါသေးတယ် အရင်ကမသိလို့ တစ်ဇွန်းလောက်လေးဖဲ့ပြီးစားမိတာတောင် နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့ ၊ ခြေထောက်နှစ်ချောင်းကို ပွတ်တိုက်ကာ ကလေးတစ်ယောက်လို လူးလိမ့်ပြီးဂျီကျခဲ့လို့ အစားပြန်ဝယ်ပေးပြီး ချော့ခဲ့ရသေးသည်။

YOU ARE READING
Hyung is Mine (Completed)
Romanceဒီကောင်က တစ်ကယ့်ငတုံးပဲ Park Jimin ငယ်လေး Jeon Jungkook #Jikook