Part-46 (အမှတ်တရများဆီသို့...)

6.1K 404 25
                                        

'မောင် ဘာတွေလုပ်နေတာလဲ'

မီးဖိုချောင်ထဲက မောင့်ကျောပြင်ကျယ်ကြီးကိုဖက်ကာ ဆိုင်သူလေးစချွဲလို့နေပြီ။ဒီကျောပြင်ဟာ ဆိုင်သူလေးအတွက် အနွေးထွေးဆုံး…။မောင်က T-shirtအဝါရောင်လေးကို jean pantလေးနဲ့တွဲဝတ်ထားသည်မှာ သန့်သန့်ပြန့်ပြန်။

မောင့်ဆီကနေ ရနေသော အမွှေး‌နံ့လေးတစ်ခု။ထိုအ‌မွှေးနံ့လေးကြောင့် မောင့်ခါးကိုတိုးဖက်လိုက်ကာ  ထိုအနံ့လေးအား ရှူကြည့်နေမိသည်။

'မောင့်Jiminနိုးလာပြီလား'

'အင်း…မောင်ကငါ့ကိုတစ်ယောက်ထဲထားခဲ့တယ် မောင်မရှိတော့ဘူးထင်ပြီး ငါ့မှာဘယ်လောက်တောင်လန့်သွားရလဲဆိုတာ မောင်သိရဲ့လား'

'ဒီမှာမောင် မောင့်Jiminအတွက် မနက်စာပြင်ပေးနေတာလေ'

'မနက်စာကအရေးမကြီးဘူးမောင်'

'ဒါဆိုဘာကအရေးကြီးတာလဲဗျ'

'ငါနိုးလာရင် ဘေးမှာမောင်ရှိမရှိကပိုအရေးကြီးတယ်'

'ဟားဟား ဟုတ်ပါပြီဗျာ မောင့်Jimin အခုမောင့်ကိုလာချွဲနေတာလား'

ခါးမှလက်တို့ကို အသာဖယ်ကာ ကြောင်လေးတစ်ကောင်လို လာချွဲနေသော ချစ်ရသူလေးအား ပွေ့ချီကာ စားပွဲပေါ်တင်မည်အလုပ် ချစ်ရသူလေးဝတ်ထားသော အဝတ်စားကြောင့် စောစောစီးစီးမောင်နှာခေါင်းသွေးလျှံရပြီ။

မနေ့ညကမှ မောင်ဝတ်ထားသော hoodieအပွကြီးကိုဝတ်ကာ အိပ်မှုန့်စုတ်ဖွားလေးဖြင့် ဆိုင်သူလေးဟာ ဖရိုဖရဲလေး။မောင့်hoodieသည် ဆိုင်သူလေးအတွက် အတော်ပင်လုံခြုံလှ၏။ခပ်ပွပွhoodieသည် ပေါင်လည်လောက်ထိရောက်နေတာကြောင့် အောက်ပိုင်းတွင် ဆိုင်သူလေး အောက်ခံသာဝတ်ထားမည်မှာမလွဲ။လက်ဖောင်းဖောင်းလေးတွေကိုပင် မမြင်ရလောက်အောင် မောင့်hoodieထဲ ဆိုင်သူလေးမြှုပ်နေ၏။

ခြေဖဝါးရဲရဲလေးမှ စုတ်ဖွာနေသော ခေါင်းလုံးလုံးလေးအဆုံး မျက်လုံးများ မှေးစဉ်းကာကြည့်နေရင်း အမဲဖြတ်ချင်စိတ်ကထိန်းမရခဲ့။အပြင်ခေါ်သွားစရာလဲရှိသေးတာကြောင့် ဒီနေ့တော့‌စိတ်ထိန်းလိုက်မယ် နောက်နေ့ ဒီပုံစံနေရင်တော့ ဆိုင်သူလေးအတွက် မောင်"အာမ"မခံတော့။

Hyung is Mine (Completed)Where stories live. Discover now