Part-30

4.7K 344 26
                                        

After 4yr later…

'မနေ့ကအချက်လက်တွေကို ဒီနေ့ပြီးအောင်လုပ်ထား'

'နေ့လည်2နာရီအစည်းဝေးစမယ် တင်ပြစရာတွေကို 2နာရီမတိုင်ခင်တင်ပြထား မပြတ်သေးတဲ့စာရင်းတွေကိုလဲ အပြတ်ဖျက်ထား'

'11နာရီ‌မှာ လေဆိပ်ကိုဧည့်ကြိုသွားရမှာ အကုန်အဆင်သင့်ဖြစ်ပြီးလား'

'ဟုတ်ကဲ့boss အကုန်အဆင်သင့်ဖြစ်ပါပြီ'

'တစ်ခုမှလွဲချော်လို့မဖြစ်ဘူး အရာအားလုံးကိုသေချာလုပ်ပါ'

'ဟုတ်ကဲ့boss'

ဓာတ်လှေကားထဲဝင်သွားတော့မှ အတွင်ရေးမှူးမလေးလဲ အသက်ရှူချောင်သွားတော့သလို သက်ပြင်းအရှည်ကြီးချမိသည်အထိ။

'Jeon…'

ရုံးခန်းထဲတွင် အဆင်သင့်စောင့်နေသော မိန်းမလှလှလေး။ပေါင်လည်လောက်ထိ အတိုလေးဖြစ်သော ကြိုးတစ်ချောင်းဂါဝန်လေးဖြင့်။ရွှေဝါရောင်ဆံပင်တို့ကိုလဲ ချထားသည်မှာဆွဲဆောင်မှုရှိရှိ။

Jeonဝင်လာသည်ကို မြင်လိုက်သည်နှင့် ခုံမှထကာ ချိုအီအီ‌အသံလေးဖြင့်ခေါ်လိုက်သည်မှာ နားထဲပျားရည်လောင်းထည့်နေသည့်အတိုင်း။

အနားသို့တဖြည်းဖြည်းကပ်လာသော ကောက်ကြောင်းလှလှလေး၏ ခါးကိုဖက်လိုက်သော တက်တူးအပြည့်ဖြင့်လက်သည် အကျင့်ပါနေသည့်အတိုင်း။

'Jeon…ဒီနေ့အားလားဟင်'

'နည်းနည်းအလုပ်ရှုပ်တယ် နားလည်ပေးမယ်မလား'

'ကုန်တိုက်လိုက်ပို့ခိုင်းမလို့ကို ရပါတယ်ဟွာကိုယ့်ဘာသာပဲ သွားလိုက်မယ်'

'လိမ္မာတယ်'

'ဆုပေး…လိမ္မာရင်ဆုပေးရမှာပေါ့ ဟုတ်တယ်မလားJeon…'

'အင်း ပေးရမှာပေါ့'

ဆုပေး ဒဏ်ပေးစနစ်သည် နှုတ်ခမ်းလှလှလေးသာဖြစ်၏။ဆေးဆိုးပန်းရိုတ်နှုတ်ခမ်းလေးကို ငုံ‌ထွေးလိုက်သည်မှာ ကျွမ်းကျွမ်းကျင်ကျင်။မိနစ်ပေါင်းများစွာ ထိုနှုတ်ခမ်းလေးကို စုပ်ယူပြီးနောက် ငွေရောင်အမျှင်တန်းများဖြင့် အသက်လုရှုနေရသော အလှလေး၏ ခါးကိုဖက်ထားသည်မှာ လွှတ်ထွက်သွားမှာဆိုးသည့်အလား။

Hyung is Mine (Completed)Where stories live. Discover now