Part-8

6K 402 8
                                        

'အဆောင်မှူး!! အဆောင်မှူး!!'

ရုံးခန်းဆီသို့အလန့်တစ်ကြားပြေးလာတဲ့ လူတစ်ယောက်။တံခါးကိုအုန်းခနဲ့ ဆွဲဖွင့်ပြီး စားပွဲရှေ့ကခုံမှာ လျင်မြန်စွာဝင်ထိုင်လိုက်တော့သည်။

'ဘာဖြစ်လာတာလဲ လုပ်လိုက်ရင်အလန့်တကြားနဲ့'

'အဆောင်မှူး ဘာလို့ကျွန်တော့်အပေါ် ဒီလိုလုပ်ရက်ရတာလဲ'

နှုတ်ခမ်းတစ်တော်တော်နဲ့ ဂျစ်တော့မဲ့ကလေးတစ်ယောက်ပုံစံဖြင့် စကားဆိုလာသည်။အဆောင်မှူးကတော့ နားမလည်တဲ့ပုံစံဖြင့် မျက်ခုံးပင့်ကာကြည့်လိုက်တော့…

'အဲဒီလူကိုဘာလို့ ကျွန်တော်နဲ့တစ်ခန်းထဲထားရတာလဲ'

'ပြသာနာရှိလို့လား?'

ဒီနေ့ကျောင်းကနေပြန်လာတော့ အခန်းထဲမှာ ဟိုလူကပစ္စည်းအစုံနဲ့ရောက်ရှိလို့နေသည်။မသိရင်သူ့အခန်းကို ကိုယ်ကလာနေတဲ့သူကျနေတာပဲ မျက်နှာ ထားကြီးကိုက မုန်းချင်စရာ။ပြောသေးတယ် ဘာတဲ့ ဒီနေ့ကစပြီးငါဒီ‌မှာနေမှာတဲ့ မနေနဲ့ဆိုပြီးနှင်ထုတ်ပစ်ချင်ပါသော်လဲ အဆောင်မှူးကစီစဉ်ပေးတာဆိုတဲ့စကားကြောင့် အဆောင်မှူးကိုပြသာနာရှာဖို့ရောက်ရှိနေခြင်းပင်။

'ပြသာနာရှိလို့အဆောင်မှူးကိုလာပြောတာပေါ့
အဲလူနဲ့တစ်ခန်းထဲနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး သူ့ကိုအခြားခန်းပြောင်းခိုင်းလိုက်'

'အခြားခန်းတွေက လူပြည့်နေပြီး၊ မင်းတစ်ခန်းထဲပဲလွှတ်နေတာ စာသင်နှစ်တစ်ဖြတ်နီးပါးလုံး တစ်ယောက်ထဲအခန်းကိုသုံးလာတာပဲလေ ခုကျောင်းပိတ်ခါနီး ခဏလောက်မျှသုံးရတာကို ပြသာနာမရှာချင်စမ်းနဲ့'

'ပြသာနာရှာနေတာမဟုတ်ဘူး အဆောင်မှူးကလဲဗျာ ကျစ် သူနဲ့ကျွန်တော်နဲ့မတည့်ဘူးဗျ'

'မင်းနဲ့တည့်တဲ့သူရော ကမ္ဘာပေါ်မှာရှိသေးလို့လား ဟိုလူ့ကိုကြည့်မရတာနဲ့ ဒီလူ့ကိုအမြင်ကပ်တာနဲ့ Jiminတစ်ယောက်ကလွှဲရင် တစ်ကမ္ဘာလုံးနဲ့မတည့်နေတာ မင်းပဲလေ'

'ဘာနေနေဗျာ အဲလူကိုအခြားခန်းပြောင်းပေး သူနဲ့အခန်းမျှမသုံးနိုင်ဘူး'

Hyung is Mine (Completed)Donde viven las historias. Descúbrelo ahora