Part-20

5.2K 395 7
                                        

"if all it is 8letters why is it so hard to say…
If all it is 8 letters why I am in my own way"

'Jiminie ဖုန်းလာနေတယ်!!'

'Jiminie!! ဘယ်ရောက်နေတာလဲ ရေချိုးနေတာများလား'

အခန်းထဲကို ဝင်ဝင်ချင်း ကြားဖူးနေကျ သီချင်းသံကြားလိုက်ရတာကြောင့် ဒီသံဟာ Jiminieရဲ့ဖုန်းသံဖြစ်ကြောင်းတန်းသိ၏။

Jiminieလဲဒီကိုရောက်နေတာကြောင့် အပြင်မှာတိုက်ခန်းငှားမနေတော့ပဲ ဂေဟာမှာလာနေဖြစ်၏။အခန်းကိုလဲ သက်သက်ခွဲမနေပဲ Jiminieနဲ့နှစ်ယောက်တစ်ခန်းပေးနေရန် အဖွားကိုပူဆာရသေး၏။

Jiminieဒီကိုရောက်နေတာ နှစ်လပြည့်တော့မည်ဖြစ်သည်။အစကတော့ မွေးစားမိဘတွေနဲ့ ပြဿနာဖြစ်ပြီးဒီရောက်လာတယ်ထင်ခဲ့ပေမဲ့ မွေးစားမိဘတွေထံ ဖုန်းဆက်နေတာကိုအမြဲတွေ့ရတော့ ထင်တဲ့တိုင်းမဟုတ်ဘူးဆိုတာ သိရ၏။

မိဘတွေနဲ့အဆင်မပြေတာမဟုတ်ဘူးဆိုတော့ သူတို့ရဲ့သားနဲ့များလား အမွေတွေမပေးချင်လို့ Jiminie ကို နှိပ်စက်ပြီးနှင်ထုတ်လိုက်တာလားလို့ တွေးခဲ့မိပေမဲ့လဲ Jiminieဆီက သူ့ရဲ့သွေးမတော်သားမဆက်ညီလေးအကြောင်းအမြဲကြားနေရတော့ ဒီတစ်ခါလဲလွဲပြန်ပြီဟု ကိုယ့်နှဖူးကို ကိုယ်ပြန်ရိုတ်ပြီးသတိပေးရ၏။

ဘာကြောင့်လဲဆိုတာစဉ်းစားမရဖြစ်နေတုန်း Jiminieရဲ့ မူမမှန်တဲ့ အပြုအမူတစ်ချို့ကိုစတင်သတိထားမိ၏။Jiminieနဲ့နေတာကြာလာတော့ Jiminieဆီဆက်သမျှဖုန်းတိုင်းကို အလွတ်ရနေသလို ဘယ်သီချင်းသံဆို ဘယ်သူဆက်တယ်ဆိုတာကအစ သိနေ၏။သို့ပေမဲ့ ထိုဆက်သမျှဖုန်းထဲကမှ Kookie ဆိုတဲ့နာမည်လေးနဲ့ဖုန်းကိုတော့ Jiminie တစ်ခါမှ မကိုင်ခဲ့သလို ကိုင်ဖို့လဲစိတ်ဝင်စားမနေခဲ့။

ringtoneထားတဲ့သီချင်းကိုက "8letters"တဲ့ နောက်ပြီး ဖုန်းလာရင် ထွက်ပေါ်လာတဲ့ သီချင်းစာသားကလဲ "if all it is 8letters why is so hard to say"တဲ့ ဒီလောက်ဆိုသဘောပေါက်လိုက်ပါပြီ Kookieဆိုတာ Jiminieရဲ့ဘာဆိုတာ။

Jiminieကိုမေးချင်ပေမဲ့လဲ နှလုံးသားရေးဖြစ်နေတော့ ဇွတ်အတင်းမမေးချင်။မသိသလိုသာ ဟန်ဆောင်နေလိုက်ပြီး Jiminieကိုယ်တိုင် လိုလိုလားလားနဲ့ ဖွင့်ပြောလာမှ နားထောင်ပေးလိုက်မည်ဟုသာ ဆုံးဖြတ်ထားလိုက်သည်။

Hyung is Mine (Completed)Where stories live. Discover now